Apple ဟာ ဥရောပ သမဂ္ဂရဲ့ Digital Markets and Services Act ကို လိုက်နာဖို့အတွက် iOS ၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ကြီးကြီးမားမား ပြောင်းလဲဖို့ စီစဉ်နေပါတယ်။ Bloomberg က Apple ဟာ iOS ကို Open ဖွင့်ပေးတော့မှာ ဖြစ်ပြီး ရှင်းရှင်းပြောရရင် iPhone နဲ့ iPad User တွေဟာ Third-party App Store နဲ့ ဝက်ဘ်ဆိုက်တွေကနေ App တွေကို Download လုပ်နိုင်တော့မှာပါ။

Apple Working to Add Support for Sideloading and Alternate App Stores in Europe - MacRumors

အဲဒီ ပြောင်းလဲမှုကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၇ ခုမှာ ပြုလုပ်ပေးမှာ ဖြစ်ပြီး နောက်ပိုင်းကျမှ တခြားနိုင်ငံတွေအတွက် ပြုလုပ်ပေးမှာပါ။

အဲဒီ အစီအစဉ်ကို ၂၀၂၃ ခုနှစ်မှာ ထုတ်မယ့် iOS 17 မှာ စတင် နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကုမ္ပဏီတွေဟာ Digital Markets Act ကို ၂၀၂၄ ခုနှစ် မတိုင်ခင်မှာ လိုက်နာရမှာဖြစ်လို့ပါပဲ။ ဒါ့အပြင် NFC Chip , Camera, Find My Network နဲ့ AirTag တို့ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပြီး iPhone နဲ့ iPad မှာ Web Browsing Engine အသစ်တွေ ပါလာတော့မှာပါ။

New App Store marketing tools available - Latest News - Apple Developer

Apple ဟာ App Store မဟုတ်ဘဲ တခြားကနေ App တွေ ဖြန့်ချိတဲ့ Developer တွေကို အခကြေးငွေ ကောက်ခံဖို့ ပြင်ဆင်နေတယ်လို့ Bloomberg က ပြောပါတယ်။

Digital Markets Act and Digital Services Act ဟာ မျှတစွာ ယှဉ်ပြိုင်ဖို့၊ Privacy Protection ပိုကောင်းဖို့နဲ့ အလွန်အမင်း ကြော်ငြာတာတွေကို ဖယ်ရှားဖို့ ရည်ရွယ်ပြဌာန်းထားတာပါ။

Apple ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အဲဒီ ဥပဒေကို မလိုက်နာနိုင်သေးဘူးဆိုရင် ဥရောပ သမဂ္ဂ အာဏာပိုင်တွေရဲ့ ဒဏ်ငွေရိုက်တာကို ခံရမှာ ဖြစ်ပါတယ်။

Ref : gsmarena