Siri က User တွေရဲ့ ပြောစကားတွေကို ခိုးနားထောင်တဲ့အတွက် တရားစွဲထားတဲ့ အမှုအတွက် Apple က လျော်ကြေး ဒေါ်လာ ၉၅ သန်းပေးဖို့ သဘောတူညီလိုက်ပါတယ်။

Apple agrees to pay $95 million to settle Siri lawsuit

iPhone သုံးစွဲသူတွေက Apple ဟာ Siri ကနေ တစ်ဆင့် သူတို့ ပြောစကားတွေကို ခိုးနားထောင်ပြီး ကြော်ငြာရှင်တွေလို Third Party တွေကို ရောင်းစားတယ်လို့ တိုင်ကြားထားတာ ဖြစ်ပါတယ်။ User တွေက “ Hey, Siri” လို့ မတော်တဆ ပြောမိတဲ့အခါမှာ Siri ကနေ ပြောစကားတွေကို ခိုးနားထောင်တာလို့ ပြောပါတယ်။

User တစ်ယောက်က Air Jordan ဖိနပ်နဲ့ Olive Garden စားသောက်ဆိုင်အကြောင်းပြောမိတဲ့အခါမှာ အဲဒီ ကြော်ငြာတွေကို မြင်ရတယ်လို့ ပြောပါတယ်။ နောက်တစ်ယောက်ကလည်း ဆရာဝန်နဲ့ ဆွေးနွေးအပြီးမှာ သက်ဆိုင်ရာ ဆေးခန်းရဲ့ ကြော်ငြာကို တွေ့ရတယ်လို့ ပြောပါတယ်။

Apple Siri lawsuit: Company agrees to pay $153 million to settle proposed eavesdropping class action | SBS News

ဒီအမှုဟာ Siri ကို “Hey, Siri” လို့ ဆင့်ခေါ်နိုင်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အကျုံးဝင်ပါတယ်။ iPhone နဲ့ Apple Watch လို Siri ပါတဲ့ Device ပိုင်ဆိုင်တဲ့  အမေရိကန်မှ လူ ၁၀ သန်းဟာ ဒေါ်လာ ၂၀ အထိ လျော်ကြေးရမယ်လို့ တွက်ချက်ထားပါတယ်။

Apple အတွက် ဒေါ်လာ ၉၅ သန်းဟာ ၉ နာရီအတွင်း ရတဲ့ အမြတ်ငွေနဲ့ညီမျှပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဝင်ငွေ ဒေါ်လာ ၉၃.၇၄ ဘီလီယမ်ရခဲ့ပါတယ်။

Ref: Reuters