Apple ဟာ လက်ရှိအချိန်မှာ iPhone တွေအတွက် ကိုယ်ပိုင် A Series Silicon Chip တွေကို အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Wireless Connectivity ပိုင်းအတွက် ကိုယ်ပိုင် Chip ကို ထုတ်လုပ်အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။​

ဒါကြောင့် လက်ရှိ iPhone တွေမှာပါဝင်တဲ့ Cellular ၊ Wi-Fi နဲ့ Bluetooth ချိတ်ဆက်မှုတွေအတွက် Qualcomm ဆီကနေ Cellular Chip တွေအပြင် Broadcom ဆီကနေ Wireless Chip တွေကို ဝယ်ယူနေရတာဖြစ်ပါတယ်။ အခုလိုမျိုး Third-party Chip တွေကို အသုံးပြုနေရတာကြောင့် မကြာခဏဆိုသလို iPhone တွေမှာ Bluetooth ချိတ်ဆက်မှုပိုင်း ပြဿနာတွေဖြစ်ပွားနေတယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒါပေမယ့် နောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရ Apple ကနေ လာမယ့် ၂၀၂၅ ခုနှစ်မှာ စတင်ပြီး ကိုယ်ပိုင် In-house Wireless Chip ကို ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Apple ကိုယ်တိုင်ဒီဇိုင်းပြုလုပ်ထုတ်လုပ်နေတဲ့ Wireless Chip ဟာ Cellular Chip ကို Wireless Chip နဲ့ပူးပေါင်းထားမှာဖြစ်တာကြောင့် ပါဝါစားပိုသက်သာပြီး နေရာယူမှုနည်းပါးသလို ထုတ်လုပ်မှုစရိတ်ကိုလည်း လျော့ချနိုင်မှာဖြစ်ပါတယ်။

Apple ဟာ အခုနောက်ပိုင်းမှာ တခြားသော Third-party Chip တွေအသုံးပြုမှုကို သိသိသာသာလျော့ချနေပြီး ကိုယ်ပိုင် Chip တွေနဲ့ အစားထိုးနေတာဖြစ်ပါတယ်။ အထူးသဖြင့် Mac ကွန်ပျူတာပိုင်းမှာ Intel အစား ကိုယ်ပိုင် M Series Chip တွေကို အစားထိုးအသုံးပြုလိုက်တာကြောင့် စျေးကွက်အတွင်းမှာ ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

Ref – GSM Arena