Apple က အဆင့်မြှင့်ထားတဲ့ Apple TV 4K Media Player ကို ကြေညာလိုက်ပြီး မော်ဒယ် အသစ်မှာ ပိုမြန်တဲ့ Processor ပါလာပါတယ်။ HDR Support တိုးတက်လာပြီး ဆက်သွယ်မှု ပိုကောင်းလာပါတယ်။

Apple updates Apple TV 4K with A15 Bionic and Ethernet

Apple TV 4K အသစ်မှာ A15 Bionic Chip မောင်းနှင်ထားပြီး ကုမ္ပဏီက အရင်မျိုးဆက် မော်ဒယ်မှာ ပါတဲ့ A12 Bionic ထက် CPU က ၅၀ ရာခိုင်နှုန်း၊ GPU က ၃၀ ရာခိုင်နှုန်း ပိုမြန်လာတယ်လို့ ပြောပါတယ်။ မော်ဒယ်အသစ်တွေမှာ HDR10+ စံနှုန်းနဲ့အတူ Dolby Vision , HDR10 နဲ့ HLG Format တွေ ပါလာပါတယ်။

Apple updates Apple TV 4K with A15 Bionic and Ethernet

Apple TV 4K အသစ်ရဲ့ Siri Remote မှာ အားသွင်းဖို့အတွက် Lightning အစား USB-C Port ကို ပြောင်းလဲ အသုံးပြုထားပါတယ်။

Apple TV 4K အသစ်အတွက် မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ 64GB Version မှာ WiFi 6 ဆက်သွယ်မှု ပါလာပြီး 128GB Version မှာ Gigabit Ethernet နဲ့အတူ စမတ်နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် Thread Mesh Networking Protocol ထည့်သွင်းထားပါတယ်။

Apple TV 4K ကို နိုဝင်ဘာလ ၄ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး 64GB မော်ဒယ်ကို ၁၂၉ ဒေါ်လာနဲ့ Ethernet ပါတဲ့ 128GB မော်ဒယ်ကို ၁၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ HD မော်ဒယ် အဟောင်းကို Apple က ဆက်လက် မထုတ်လုပ်တော့ပါဘူး။

Ref : gsmarena