၁၅ လက်မ MacBook Air ထွက်လာပါပြီ။ အတိအကျအားဖြင့် ၁၅.၃ လက်မ ရှိပြီး Apple က Retina Display အသစ်ဟာ 500 nits Brightness နဲ့ ၁ ဘီလီယမ် အရောင်တွေကို ထောက်ပံ့တယ်လို့ ပြောပါတယ်။

Apple unveils 15-inch MacBook Air with M2 processor

မျက်နှာပြင်ပတ်လည်က ဘောင်တွေဟာ ၅ မီလီမီတာပဲ ရှိတဲ့အတွက် ပါးလွှာပြီး Notch မှာ 1080p ကင်မရာ တပ်ဆင်ထားပါတယ်။

၁၅ လက်မ MacBook Air ရဲ့ အထူက ၁၁.၅ မီလီမီတာနဲ့ အလေးချိန်က ၁.၄၉၆ ကီလိုဂရမ် ရှိပါတယ်။ Midnight, Starlight, Space Gray နဲ့ Silver ၄ ရောင် ထုတ်လုပ်ထားပါတယ်။

၁၃ လက်မ မော်ဒယ်မှာလိုပဲ ၁၅ လက်မမော်ဒယ်မှာ M2 Chip မောင်းနှင်ထားပြီး 8-core CPU, 10-core GPU နဲ့ 16-core Neural Engine ပါပါတယ်။ အနည်းဆုံး အနေနဲ့  8GB Memory ပါလာပြီး 24GB အထိ တိုးမြှင့်နိုင်ပါတယ်။

Apple unveils 15-inch MacBook Air with M2 processor

M2 Chip ကြောင့် အားအပြည့်သွင်းထားရင် ၁၈ နာရီအထိ အသုံးခံပါတယ်။

Apple က ၁၅ လက်မ MacBook Air ဟာ အမြန်ဆုံး Intel အခြေပြု MacBook Air ထက် ၁၂ ဆ ပိုမြန်ပြီး Core i7 Processor ပါတဲ့ ၁၅ လက်မ လက်ပ်တော့ထက် ၂ ဆ ပိုမြန်တယ်လို့ ပြောပါတယ်။

၁၅ လက်မ MacBook Air မှာ USB-C Thunderbolt Port ၂ ခု၊ MagSafe Charging Port ၁ ခုနဲ့ နားကြပ်ပေါက် တပ်ဆင်ထားပြီး မိုက်ကရိုဖုန်း ၃ လုံးနဲ့ စပီကာ ၆ လုံး ပါပါတယ်။ အခြေခံ မော်ဒယ်ကို ၁,၂၉၉ ဒေါ်လာနဲ့ မှာယူနိုင်ပြီ ဖြစ်ပြီး နောက်တစ်ပတ်မှာ ပို့ဆောင်ပေးမှာပါ။

Ref : gsmarena