Apple က ဒီတစ်ပတ်ထဲမှာ ဟာ့ဒ်ဝဲ အသစ်တွေကို ကြေညာမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး အခုတော့ တကယ် ဖြစ်လာပါပြီ။ iPad အသစ် မပါလာဘဲ ၁၃ လက်မနဲ့ ၁၅ လက်မ MacBook Air အသစ်တွေ ဖြစ်ပါတယ်။

၁၃ လက်မ MacBook Air ဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး လက်ပ်တော့ ဖြစ်ပြီး ၁၅ လက်မမော်ဒယ်ဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ၁၅ လက်မ လက်ပ်တော့ဖြစ်တဲ့အတွက် အဲဒီ လက်ပ်တော့ အသစ်တွေဟာ Apple အတွက် အလွန် အရေးကြီးတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။

Apple unveils new 13'' and 15'' MacBook Air with M3 chip

အဲဒီ ၂ လုံးစလုံးမှာ Apple M3 Chip မောင်းနှင်ထားပြီး M1 Chip ပါတဲ့ မော်ဒယ်ထက် ၆၀ ရာခိုင်နှုန်းပိုမြန်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမြန်ဆုံး Intel Chip ပါတဲ့ MacBook Air ထက် ၁၃ ဆ ပိုမြန်ပါတယ်။

Apple unveils new 13'' and 15'' MacBook Air with M3 chip

Retina Display ဟာ 500 Nits Brightness အထိ ပြသပေးနိုင်ပြီး ၁ ဘီလီယမ် အရောင် ထောက်ပံ့ပါတယ်။ External Display ၂ ခုနဲ့ ချိတ်ဆက်နိုင်ပြီး တခြား PC လက်ပ်တော့တွေထက် Resolution ၂ ဆ ပိုများပါတယ်။

လက်ပ်တော့ အသစ်တွေရဲ့ ဘက်ထရီ သက်တမ်းက ၁၈ နာရီ ဖြစ်ပြီး WiFi 6E ၊ Thunderbolt Port ၂ ခု၊ နားကြပ်ပေါက် ၁ ခု၊ 1080P FaceTime HD ကင်မရာ၊ မိုက်ကရိုဖုန်း ၃ လုံး၊ Spatial Audio နဲ့ Dolby Atmos ထောက်ပံ့တဲ့ စပီကာတွေနဲ့ Touch ID ပါပါတယ်။ Midnight, Starlight, Space Gray နဲ့ Silver ၄ ရောင် ထုတ်လုပ်ထားပါတယ်။

မတ်လ ၈ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး ၂၈ နိုင်ငံမှာ ကြိုတင်မှာယူနိုင်ပါပြီ။ ၁၃ လက်မ မော်ဒယ်ဟာ ၁,၀၉၉ ဒေါ်လာကစပြီး ၁၅ လက်မ မော်ဒယ်ဟာ ၁,၂၉၉ ဒေါ်လာက စပါတယ်။

Ref : gsmarena