Apple Fans တွေ စောင့်မျှော်နေကြတဲ့ စွမ်းရည်မြင့် 4th Gen iPad Air ကို တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီဇိုင်း အပိုင်းကို စပြောချင်ပါတယ်။ iPad Air အသစ်မှာ ဒီဇိုင်းကို ဆန်းသစ်ထားပြီး iPad Pro Series တွေနဲ့ ဆင်တူပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက အရင်မျိုးဆက်ထက် ပိုသေးသွားပြီး Lightning Port မပါဘဲ USB-C ကို သုံးထားပါတယ်။ ၁၀.၉ လက်မ Liquid Retina 2360×1640 မျက်နှာပြင် ထည့်သွင်းထားပြီး ထိပ်ဖက်က ပါဝါခလုတ်အောက်မှာ TouchID မြှပ်နှံထားပါတယ်။

Apple A14 Bionic Chipset မောင်းနှင်ထားပြီး 5nm Process နဲ့ တည်ဆောက်ထားတာက စမတ်ဖုန်းနယ်ပယ်မှာ ပထမဆုံး အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ စွမ်းဆောင်ရည်ဟာ ၄၀ ရာခိုင်နှုန်းနဲ့ GPU ဟာ ၃၀ ရာခိုင်နှုန်း ပိုကောင်းသွားပါတယ်။ အနောက်ကင်မရာက iPad Pro နဲ့ တူညီပြီး 12MP ဖြစ်ပါတယ်။ 4K 60fps နဲ့ 240fps Slow-mo ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး ဗီဒီယို Stabilization ပိုလန်းလာပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 7MP ထည့်ထားပြီး 1080p 60fps ဗီဒီယိုတွေ ဖမ်းယူနိုင်ပါတယ်။

WiFi 6 နဲ့ စပီကာ ၂ လုံးပါလာပြီး Apple Pencil ကို တက်ဘလက် ဘေးဘက်မှာ သံလိုက်နဲ့ ချိတ်ဆက်ကာ အားသွင်းတာ၊ Pair လုပ်တာနဲ့ သိမ်းဆည်းတာတွေ ပြုလုပ်နိုင်ပါတယ်။ Floating Keyboard Case ကိုလည်း ဖန်တီးပေးထားတဲ့အတွက် လက်ပ်တော့လိုပါ သုံးနိုင်ပါတယ်။ iPadOS 14 မောင်းနှင်ထားပြီး iPad Air အသစ်ကို အောက်တိုဘာလမှာ ရောင်းမှာပါ။

Silver , Space Gray , Rose Gold , Green နဲ့ Sky Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး အနေနဲ့ 64GB WiFi Only ကို ၅၉၉ ဒေါ်လာနဲ့ 64GB WiFi+Cellular ကို ၇၂၉ ဒေါ်လာ သတ်မှတ်ထားပြီး ၇ သိန်း ၉ သောင်းနဲ့ ၉ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ 256GB Version အတွက် ၇၄၉ ဒေါ်လာနဲ့ ၈၇၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး ၉ သိန်း ၉ သောင်းနဲ့ ၁၁ သိန်း ၆ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : gsmarena