Apple Fans တွေအတွက် မကြာခင်မှာ ဈေးနှုန်းတွေ တော်တော်တက်သွားတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အခွန်တိုးမြှင့်မှုကြောင့် ဖြစ်ပါတယ်။ ထရမ့်က တရုတ်က ထုတ်ကုန်တွေကို အခွန် ၅၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်ပါတယ်။
iPhone အပါအဝင် ကုန်ပစ္စည်းအများစုကို တရုတ်မှာ ထုတ်လုပ်နေတဲ့ Apple အတွက်ဒါဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်ပါတယ်။ အဲဒီအတွက်ပညာရှင်တွေက Apple အတွက် ရွေးချယ်စရာ ၂ ခု ရှိတယ်လို့ ပြောပါတယ်။ တစ်ခုက အခွန်တိုးမြှင့်မှုဒဏ်ကို Apple က ခံမလားဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ခုက Customer တွေကို ဈေးနှုန်းတိုးမြှင့်ရောင်းချမလားဆိုတာ ဖြစ်ပါတယ်။
လေ့လာဆန်းစစ်သူ Rosenblatt Securities က Apple ဟာ ဈေးနှုန်းတိုးမြှင့်မယ်ဆိုရင် iPhone 16 ရဲ့ ဈေးဟာ ၇၉၉ ဒေါ်လာ ကနေ ၁,၁၄၂ ဒေါ်လာ ဖြစ်သွားမှာပါ။ iPhone 16 Pro Max ဟာ ၁,၅၉၉ ဒေါ်လာ ကနေ ၂,၃၀၀ ဒေါ်လာအထိ တက်သွားနိုင်ပါတယ်။ အဲဒီဈေးဟာ Samsung Galaxy Z Fold လို ထိပ်တန်း Foldable ဖုန်းတွေနဲ့ တူညီသွားမှာ ဖြစ်ပါတယ်။ iPhone တွေတင်မကဘဲ Apple Watch ဈေးနှုန်းဟာ ၄၃ ရာခိုင်နှုန်း၊ iPad ဟာ ၄၂ ရာခိုင်နှုန်းနဲ့ AirPods , Macs ဟာ ၃၉ ရာခိုင်နှုန်း တက်သွားနိုင်ပါတယ်။
Ref : Tech Explorers