ဒူဘိုင်း အခြေစိုက် Caviar ဟာ တန်ဖိုးကြီး ထုတ်ကုန်တွေကို ရောင်းချတဲ့အတွက် နာမည်ကြီးပြီး အခုလည်း CVR Edition လို့ ခေါ်တဲ့ Apple Vision Pro Caviar Edition ကို ကြေညာလိုက်ပါတယ်။ Vision Pro ကို Apple က Spatial ကွန်ပြူတာလို့ ကြေညာထားပြီး Caviar က CVR Edition ဟာ Spatial ကွန်ပြူတာကို အနုပညာဆန်တဲ့ ကွန်ပြူတာ အဖြစ် ပြောင်းလဲလိုက်တာလို့ ပြောပါတယ်။

Caviar က Apple Vision Pro Caviar Edition ရဲ့ ဒီဇိုင်းကို Tom Ford ရဲ့ Flip-up မျက်မှန်နဲ့ Gucci ရဲ့ နှင်းလျှောစီးတဲ့ Mask တို့ကနေ ရယူထားတာ ဖြစ်ပြီး နည်းပညာရော စတိုင်ပါ ကောင်းအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Apple Vision Pro Caviar Edition နဲ့ Protective Mask ကို ၁၈ ကာရက် ရွှေ ၁.၅ ကီလိုဂရမ်နဲ့ အလှဆင်ထားပြီး Headband ကို သားရေနဲ့ တည်ဆောက်ထားပါတယ်။ ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိအောင် ဒီဇိုင်းထုတ်ထားပါတယ်။

Apple Vision Pro ကို ၃,၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး Vision Pro CVR Edition ကို ဒေါ်လာ ၃၉,၉၀၀ နဲ့ ရောင်းချနိုင်ပါတယ်။ Caviar က Apple Vision Pro Caviar Edition ကို ၂၄ ခုပဲ အကန့်အသတ်နဲ့ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဆောင်းရာသီမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref : gsmarena