တစ်ကမ္ဘာလုံးမှာ Chip ပြတ်လပ်မှုဟာ နည်းပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေအတွက် ဆိုးကျိုးသက်ရောက်မှု ဖြစ်လာနေပါပြီ။ ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း အဲဒီဒဏ်ကို ခံနေရပြီ ဖြစ်ပြီး Consumer Electronics ထုတ်လုပ်တဲ့လုပ်ငန်းတွေလည်း ကုန်ပစ္စည်းတွေကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါဘူး။

Apple iPhone 12

စမတ်ဖုန်း လုပ်ငန်းတွေမှာလည်း Chip ပြတ်လပ်မှုတွေရှိတဲ့အတွက် Apple က ဒီပြဿနာဟာ iPhone ထုတ်လုပ်မှုကို ထိခိုက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ Apple က ဒီအကျိုးဆက်ကြောင့် ဝင်ငွေထိခိုက်လာနိုင်တယ်လို့ ခန့်မှန်းထားသလို ကုမ္ပဏီရဲ့ Services လုပ်ငန်းကိုလည်း ထိခိုက်နိုင်တယ်လို့ ပြောလိုက်ပါတယ်။

Apple iPhone 12 series to launch in late November, new report suggests -  GSMArena.com news

Apple CEO Tim Cook က Chip လုံလုံလောက်လောက် မရတဲ့အတွက် နည်းပညာ အဟောင်းတွေကို အသုံးပြုနေကြရပေမယ့်လည်း iPhone ထုတ်လုပ်မှုအတွက်တော့ အဲဒီ နည်းပညာ အဟောင်း သို့မဟုတ် Chip အဟောင်းတွေက အရေးပါနေသေးတယ်လို့ ပြောပါတယ်။ လေ့လာဆန်းစစ်သူတွေက Apple ဟာ နောက်ထုတ်မယ့် iPhone မျိုးဆက်အတွက် Chip တွေကို အမြောက်အများ စုဆောင်းထားနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

တစ်ကမ္ဘာလုံးမှာ Chip ပြတ်လပ်မှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲမှာ Covid-19 ကပ်ရောဂါကြောင့်  စက်ရုံတွေ ပိတ်ရတာ၊ Lock Down နဲ့ နေအိမ်ကနေအလုပ်လုပ်ရတဲ့ ကာလမှာ Consumer Electronics ထုတ်ကုန်တွေကို လူတွေ ပိုဝယ်လာကြတာတွေ ပါဝင်ပါတယ်။

Chip မလုံလောက်မှုဟာ Samsung နဲ့ Apple တို့ကို သိပ်မထိခိုက်ပေမယ့် ဖုန်း ကုမ္ပဏီငယ်လေးတွေကို ဆိုးကျိုးပိုသက်ရောက်စေမှာပါ။ Nokia ဖုန်းတွေ ထုတ်လုပ်နေတဲ့ HMD Global ကလည်း ဖုန်း ကုမ္ပဏီငယ်လေးတွေအတွက် စိုးရိမ်ရတယ်လို့ ပြောထားပါတယ်။

Ref : gizmochina