iPhone တွေရဲ့ စွမ်းရည်မြင့် GPS ကြောင့် Navigational Device အဖြစ် အသုံးပြုရင် အရမ်း ကောင်းပါတယ်။ မော်တော်ဆိုင်ကယ်တွေရဲ့ Handlebar မှာ တပ်ဆင်ပြီး လမ်းညွှန်မှုအတွက် အသုံးပြုနေကြတာလည်း တွေ့ရပါတယ်။ အခုတော့ Apple ရဲ့ ထုတ်ပြန်ကြေညာမှု အသစ် ၁ ခုကြောင့် အံ့အားသင့်စရာ ဖြစ်သွားကြပါတယ်။ ကုမ္ပဏီက စွမ်းရည်မြင့် မော်တော်ဆိုင်ကယ်တွေရဲ့ တုန်ခါမှုကြောင့် iPhone ကင်မရာ ပျက်ဆီးသွားနိုင်တယ်လို့ ကြေညာလိုက်တာပါ။ အခန့်မသင့်ရင် လုံးဝသုံးလို့ မရတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။

iPhone 12

iPhone ကင်မရာရဲ့ Optical Image Stabilizer(OIS) နဲ့ Closed-loop Autofocus (AF) ဟာ အရမ်းတုန်ခါတဲ့ အခါမှာ ပျက်ဆီးနိုင်တယ်လို့ Apple က ပြောပါတယ်။ iPhone 7 နဲ့ နောက်ပိုင်းထုတ် iPhone မော်ဒယ်အားလုံးမှာ OIS နဲ့ AF လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ စွမ်းရည်မြင့် မော်တော်ဆိုင်ကယ်တွေရဲ့ တုန်ခါမှုကြောင့်ပဲ iPhone ကင်မရာ ပျက်ဆီးနိုင်ပြီး အီလက်ထရစ်နဲ့ စွမ်းရည်နိမ့် မော်တော်ဆိုင်ကယ်တွေမှာ‌တော့ ပြဿနာ မရှိပါဘူး။

Motorcycle Vibrations Can Damage Your iPhone Camera, Apple Warns | PetaPixel

Apple က “ iPhone တွေရဲ့ OIS နဲ့ Closed-loop AF System တွေကို ကြံ့ခိုင်မှုကောင်းအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဒါပေမယ့်လည်း OIS ပါတဲ့ Consumer Electronics တွေမှာလိုပဲ အရမ်း တုန်ခါတဲ့အခါမှာ အဲဒီ System ရဲ့ စွမ်းရည် ကျဆင်းသွားနိုင်ပြီး ဓါတ်ပုံနဲ့ ဗီဒီယို အရည်အသွေး နိမ့်ကျသွားနိုင်ပါတယ်။ အဲဒီလို တုန်ခါမှုတွေကို iPhone နဲ့ တိုက်ရိုက် မထိတွေ့အောင် အသုံးပြုဖို့ အကြံပေးပါတယ်။ “ လို့ ရေးသားထားပါတယ်။

Apple ရဲ့ မော်တော်ဆိုင်ကယ်တွေမှာ iPhone တပ်ဆင်အသုံးပြုတာနဲ့ ပတ်သက်တဲ့ အခု ကြေညာချက်ဟာ User တွေအတွက် မေးစရာ မေးခွန်းတွေ ရှိလာမှာ သေချာပါတယ်။ အဲဒီအတွက် မော်တော်ဆိုင်ကယ်မှာ GPS Device ၁ ခုအနေနဲ့ သုံးချင်ရင် ဈေးပေါတဲ့ ဖုန်းတွေကို ရွေးချယ်သင့်ပါတယ်။ iPhone တွေရဲ့ ပြင်ဆင်စားရိတ်ဟာ အရမ်းများတဲ့အတွက် မော်တော်ဆိုင်ကယ်တွေမှာ တပ်ဆင် အသုံးမပြုရင် အကောင်းဆုံး ပါပဲ။

Ref : gizmochina