[Zawgyi]

စမတ္နာရီ ေစ်းကြက္မွာေတာ့ Apple Watch Series ေတြဟာ ေရာင္းအားအေကာင္းဆံုး ဘြဲ႕ကို ရထားပါတယ္။ စက္တင္ဘာလမွာလည္း Apple က မ်ိဳးဆက္သစ္ Watch Series 5 ေတြကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ Apple Watch 5 Nike Edition ကို ေရာင္းေပးလိုက္ပါၿပီ။ Apple ရဲ႕ Website ကေတန ၃၉၉ ေဒၚလာနဲ႔ ၀ယ္ယူႏုိင္ပါၿပီ။ ျမန္မာေငြနဲ႔တြက္ရင္ ၆ သိန္းေလာက္ရွိပါတယ္။

Silicon Sport Band ဒါမွမဟုတ္ Nylon Thread Sport Loop ေတြကို ေရြးခ်ယ္ႏုိင္ပါတယ္။ Silicon Sport Band အတြက္ Purple And Black, Pink And Black, Beige And Black, White And Black နဲ႔ Black အေရာင္ေတြ ေရြးခ်ယ္ႏိုင္ပါတယ္။ Nylon Thread Sport Loop အတြက္ေတာ့ Pattern မ်ိဳးစံု ထုတ္လုပ္ေပးထားပါတယ္။

Apple Watch Nike ဟာ Apple Watch 5 ကို အေျခခံ တည္ေဆာက္ထားေပမယ့္ ဒီဇိုင္း ဆန္းသစ္ၿပီး အပို လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။ ေရြးခ်ယ္စရာ Bands ေတြ ပိုစံုလင္ၿပီး အားကစားသမားေတြအတြက္ ဒီဇိုင္းထုတ္ထားပါတယ္။ ဒါ့အျပင္ ရိုးရိုး ေမာ္ဒယ္ေတြမွာ မပါတဲ့ အထူးထုတ္ Watch Faces ေတြ ထည့္သြင္းထားပါတယ္။ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္သူေတြအတြက္ အရမ္းကို မိုက္ပါတယ္။

Nike Run Club App ထည့္သြင္းထားၿပီး ေလ့က်င့္ခန္း လုပ္ရင္ သင့္ရဲ႕ နည္းျပအေနနဲ႔ တာ၀န္ယူေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေလ့က်င့္ခန္းလုပ္တာကို ေလ့လာတြက္ခ်က္ေပးႏုိင္ပါတယ္။ ေျပာရရင္ေတာ့ ကိုယ္လက္လႈပ္ရွား အားကစားျပဳလုပ္သူေတြအတြက္ ဒီဇိုင္းထုတ္ထားတာပါ။

Ref : techradar

[Unicode]

Apple Watch 5 Nike Edition ကို ရောင်းပြီ

စမတ်နာရီ ဈေးကွက်မှာတော့ Apple Watch Series တွေဟာ ရောင်းအားအကောင်းဆုံး ဘွဲ့ကို ရထားပါတယ်။ စက်တင်ဘာလမှာလည်း Apple က မျိုးဆက်သစ် Watch Series 5 တွေကို ကြေညာခဲ့ပါတယ်။ အခုတော့ Apple Watch 5 Nike Edition ကို ရောင်းပေးလိုက်ပါပြီ။ Apple ရဲ့ Website ကတေန ၃၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါပြီ။ မြန်မာငွေနဲ့တွက်ရင် ၆ သိန်းလောက်ရှိပါတယ်။

Silicon Sport Band ဒါမှမဟုတ် Nylon Thread Sport Loop တွေကို ရွေးချယ်နိုင်ပါတယ်။ Silicon Sport Band အတွက် Purple And Black, Pink And Black, Beige And Black, White And Black နဲ့ Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ Nylon Thread Sport Loop အတွက်တော့ Pattern မျိုးစုံ ထုတ်လုပ်ပေးထားပါတယ်။

Apple Watch Nike ဟာ Apple Watch 5 ကို အခြေခံ တည်ဆောက်ထားပေမယ့် ဒီဇိုင်း ဆန်းသစ်ပြီး အပို လုပ်ဆောင်ချက်တွေ ပါပါတယ်။ ရွေးချယ်စရာ Bands တွေ ပိုစုံလင်ပြီး အားကစားသမားတွေအတွက် ဒီဇိုင်းထုတ်ထားပါတယ်။ ဒါ့အပြင် ရိုးရိုး မော်ဒယ်တွေမှာ မပါတဲ့ အထူးထုတ် Watch Faces တွေ ထည့်သွင်းထားပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေအတွက် အရမ်းကို မိုက်ပါတယ်။

Nike Run Club App ထည့်သွင်းထားပြီး လေ့ကျင့်ခန်း လုပ်ရင် သင့်ရဲ့ နည်းပြအနေနဲ့ တာဝန်ယူပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တာကို လေ့လာတွက်ချက်ပေးနိုင်ပါတယ်။ ပြောရရင်တော့ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူတွေအတွက် ဒီဇိုင်းထုတ်ထားတာပါ။

Ref : techradar