Apple က Watch Series 9 ကို ကြေညာလိုက်ပြီး S9 System ထည့်သွင်းထားကာ S8 Series Chip တွေထက် Transistor တွေ ၆၀ ရာခိုင်နှုန်း ပိုမို ပါလာပါတယ်။ ၃၀ ရာခိုင်နှုန်း ပိုမြန်တဲ့ GPU နဲ့ 4-core NPU အသစ် ထည့်သွင်းထားပါတယ်။ ပိုမြန်တဲ့ Animation တွေနဲ့ OS ကို အမြန်နှုန်း မြှင့်တင်ပေးထားပြီး ဘက်ထရီ သက်တမ်းက ၁၈ နာရီ ဖြစ်ပါတယ်။

S9 SIP က Siri ကို နာရီထဲမှာပဲ အလုပ်လုပ်စေပြီး Cloud မလိုတဲ့အတွက် ရလာဒ်တွေ ပိုမို မြန်ဆန်လာစေပါတယ်။ Apple က အသံ ပြောဆိုမှုဟာ ၂၅ ရာခိုင်နှုန်း ပိုတိကျလာတယ်လို့ ပြောပါတယ်။ Siri ဟာ ကျန်းမာရေး ဒေတာတွေကိုလည်း ရယူလာနိုင်ပြီး သုံးစွဲသူရဲ့ ကျန်းမာရေးကို ပိုမို စောင့်ရှောက်လာနိုင်ပါတယ်။

Double Tap က Series 9 ရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လက်မနဲ့ လက်ညှိုးကို နှစ်ချက်ထိလိုက်ရင် သီချင်း ပိတ်တာ၊ ဖွင့်တာ၊ အလန်းပိတ်တာ၊ Widgets တွေကို ကြည့်တာ၊ ဖုန်း ဖြေတာ၊ ဖုန်း ပိတ်တာတွေကို ပြုလုပ်နိုင်ပါတယ်။

Apple Watch 9 and Watch Ultra 2 announces with brighter sceens, Double Tap and all-day battery life

Apple Watch Series 9 အတွက် ၄၁ နဲ့ ၄၅ မီလီမီတာ အရွယ်အစားတွေ  ထုတ်လုပ်ထားပြီး Bluetooth နဲ့ ဆယ်လူလာ ဗားရှင်းတွေ ပါပါတယ်။ မျက်နှာပြင်က 2000 Nits Peak Brightness အထိ ထောက်ပံ့ထားပါတယ်။

တည်နေရာ ခြေရာခံတာကို ပိုမို တိကျစေတဲ့ UWB Chip ထည့်သွင်းထားပြီး iPhone ကို ခြေရာခံတဲ့အခါ ပိုမို တိကျလာပါတယ်။ HomePod စပီကာနဲ့လည်း ပိုမို တွဲဖက်ညီလာပါတယ်။

Apple Watch 9 and Watch Ultra 2 announces with brighter sceens, Double Tap and all-day battery life

WatchOS 10 ထည့်သွင်းထားပြီး Aluminum နဲ့ Stainless Steel ကိုယ်ထည်တွေ ရွေးချယ်နိုင်ပါတယ်။ Starlight, Midnight, Silver , (PRODUCT) RED နဲ့ Pink အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ Stainless Steel Version အတွက် Silver, Gold နဲ့ Graphite အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Apple Watch Series 9 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်က ၃၉၉ ဒေါ်လာ ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှာ စတင် ရောင်းချမှာပါ။

Ref : gsmarena