ကယ်လီဖိုးနီးယား အခြေစိုက် ကျန်းမာရေး နည်းပညာ ကုမ္ပဏီနဲ့ Monitoring Device ထုတ်လုပ်တဲ့ Masimo ရဲ့ နည်းပညာ‌တွေကို အသုံးပြုထားတယ်လို့ တရားစွဲခံထားရတဲ့အတွက် Watch Series 9 နဲ့ Ultra 2 ရောင်းချမှုကို အမေရိကန်မှာ ပိတ်ပင်လိုက်ပါတယ်။

Apple Watch Ultra 2 and Series 9 sales ban: all your questions, answered |  TechRadar

Apple က ဒါကို ကန့်ကွက်ထားပြီး တရားဥပဒေအတိုင်း အမှု ရင်ဆိုင်နေတုန်းမှာ ရောင်းချခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ Tim Cook နဲ့ Apple အတွက် ဝမ်းနည်းစရာကောင်းတာက နိုင်ငံတကာ ကုန်သွယ်ရေး ကော်မရှင် (ITC) က Apple ရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ပါတယ်။

အဲဒီအတွက် Apple ဟာ ဒီလ ၂၂ ရက်နေ့က စတင်ကာ အွန်လိုင်း စတိုးတွေမှာ စမတ်နာရီ  ရောင်းချလို့ မရတော့သလို ဒီလ ၂၄ ရက်နေ့က စတင်ကာ အမေရိကန်တစ်လွှားက Apple Store တွေကနေ ရောင်းချလို့ မရတော့ပါဘူး။

Apple suspends sales of Apple Watch Series 9 and Apple Watch Ultra 2

Apple ဟာ Watch Series 9 နဲ့ Watch Ultra 2 မှ SpO2 Sensor အတွက် Masimo ရဲ့ နည်းပညာကို အသုံးပြုထားတယ်လို့ စွပ်စွဲထားပါတယ်။ Masimo က တရားစွဲမှု ၂ ခု ပြုလုပ်ထားပြီး ၁ ခုက အမေရိကန် တရားရုံးနဲ့ နောက် ၁ ခုက ITC မှာ ဖြစ်ပါတယ်။ အမှုမပြီးသေးခင်အထိ Apple ဟာ အမေရိကန်မှာ စမတ်နာရီ ရောင်းချလို့ မရသေးပါဘူး။

အဲဒီ စမတ်နာရီတွေကို ဝယ်ယူထားသူတွေကတော့ ပြဿနာ မရှိဘဲ ဆက်လက် အသုံးပြုလို့ရပါသေးတယ်။ တခြား Apple စမတ်နာရီတွေကိုလည်း ကုမ္ပဏီက ဆက်လက် ရောင်းချလို့ရပါသေးတယ်။

Apple ရဲ့ ပါတနာတွေ ဖြစ်တဲ့ BestBuy နဲ့ Amazon ထံကနေလည်း ဆက်လက် ဝယ်ယူနိုင်သေးပြီး ဒီလ ၂၄ ရက်ကျမှ Apple ဟာ အဲဒီ အဲဒီ ကုမ္ပဏီတွေကို စမတ်နာရီ ရောင်းပေးလို့ မရတော့ပါဘူး။

Ref : gsmarena