ဒီတစ္ခါေတာ့ iPad နဲ႔ Mac ကြန္ျပဴတာ မ်ဳိးဆက္သစ္ေတြရဲ႕ အလွည့္ေရာက္ျပီ ထင္ပါတယ္။ Apple ဟာ လာမယ့္ ေအာက္တုိဘာ ၃၀ ရက္ေန႔၊ နယူးေယာက္ျမိဳ႕ရဲ႕ ဘရုတ္ကလင္းရပ္မွာ မိတ္ဆက္ပြဲတစ္ခုကို ထပ္က်င္းပသြားမယ္လို႔ ေၾကျငာလိုက္ပါတယ္။

ကုမၸဏီက ဘယ္ထုတ္ကုန္သစ္ကို ေၾကျငာမွာလုိ႔ မေျပာရေသးေပမယ့္ အားလုံးကေတာ့ အုိင္ဖုန္း အသစ္ေတြ ျမင္ရျပီးတဲ့ေနာက္မွာ iPad မ်ဳိးဆက္သစ္နဲ႔ Macintosh ကြန္ျပဴတာေတြကို ေတြ႕ရဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

သတင္းထြက္ေနတာကေတာ့ iPad Pro ေမာ္ဒယ္အသစ္ေတြမွာ ပုိၾကီးတဲ့ Display ပမာဏနဲ႔ ပါဝင္လာမွာ ျဖစ္သလို Touch ID Fingerprint ကို ဖယ္ရွားလိုက္ျပီး Apple သေဘာက်တဲ့ မ်က္ႏွာသိမွတ္စနစ္ (Facial-recognition) နည္းပညာကိုသာ အသုံးျပဳလာေတာ့မယ္လို႔ ဆုိတယ္။ တက္ဘလက္အသစ္ေတြမွာ USB-C အသုံးျပဳလာမွာျဖစ္ကာ အဆင့္ျမွင့္တင္ထားတဲ့ Apple Pencil Stylus အသစ္ေတြကိုလည္း ေတြ႕ရဖို႔ရွိတယ္။

ျပီးေတာ့ Apple ဟာ သူတုိ႔ရဲ႕ ဒိတ္ေအာက္ေနျပီျဖစ္တဲ့ ၉၉၉ ေဒၚလာတန္ Macbook Air ေတြကို Redesign ျပန္ထုတ္လုပ္လာမယ္လို႔လည္း သတင္းထြက္ေနတာေၾကာင့္ ေနာက္ဆုံးမွာ ပိုျမန္တဲ့ ပရုိဆက္ဆာ ေတြနဲ႔ ပုိေခတ္မီတဲ့ အစိတ္အပုိင္းေတြ ပါဝင္တဲ့ Macbook အသစ္ကို ျမင္ေတြ႕ရမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။

ဒါဟာ လအနည္းငယ္အတြင္း Apple ရဲ႕ ဒုတိယေျမာက္ မိတ္ဆက္ပြဲပါ။ ျပီးခဲ့တဲ့ စက္တင္ဘာမွာ ကုမၸဏီဟာ သူ႕ရဲ႕ iPhone XS, XS Max နဲ႔ XR ဖုန္းအသစ္ေတြကို အသစ္စက္စက္ စတိဗ္ေဂ်ာ့ဘ္ ခန္းမမွာ ပြဲထုတ္ခဲ့တယ္။ စမတ္နာရီအသစ္ေတြကိုလည္း ျပသေပးခဲ့ပါတယ္။ Apple ဟာ အရင္ကလည္း ေအာက္တုိဘာ လမွာ မိတ္ဆက္ပြဲက်င္းပခဲ့ဖူးေပမယ့္ ၂၀၁၆ မွာ လုပ္ခဲ့တာ ေနာက္ဆုံးပါပဲ။

Ref – CNET

Unicode

ဒီတစ်ခါတော့ iPad နဲ့ Mac ကွန်ပြူတာ မျိုးဆက်သစ်တွေရဲ့ အလှည့်ရောက်ပြီ ထင်ပါတယ်။ Apple ဟာ လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့၊ နယူးယောက်မြို့ရဲ့ ဘရုတ်ကလင်းရပ်မှာ မိတ်ဆက်ပွဲတစ်ခုကို ထပ်ကျင်းပသွားမယ်လို့ ကြေငြာလိုက်ပါတယ်။

ကုမ္ပဏီက ဘယ်ထုတ်ကုန်သစ်ကို ကြေငြာမှာလို့ မပြောရသေးပေမယ့် အားလုံးကတော့ အိုင်ဖုန်း အသစ်တွေ မြင်ရပြီးတဲ့နောက်မှာ iPad မျိုးဆက်သစ်နဲ့ Macintosh ကွန်ပြူတာတွေကို တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။

သတင်းထွက်နေတာကတော့ iPad Pro မော်ဒယ်အသစ်တွေမှာ ပိုကြီးတဲ့ Display ပမာဏနဲ့ ပါဝင်လာမှာ ဖြစ်သလို Touch ID Fingerprint ကို ဖယ်ရှားလိုက်ပြီး Apple သဘောကျတဲ့ မျက်နှာသိမှတ်စနစ် (Facial-recognition) နည်းပညာကိုသာ အသုံးပြုလာတော့မယ်လို့ ဆိုတယ်။ တက်ဘလက်အသစ်တွေမှာ USB-C အသုံးပြုလာမှာဖြစ်ကာ အဆင့်မြှင့်တင်ထားတဲ့ Apple Pencil Stylus အသစ်တွေကိုလည်း တွေ့ရဖို့ရှိတယ်။

ပြီးတော့ Apple ဟာ သူတို့ရဲ့ ဒိတ်အောက်နေပြီဖြစ်တဲ့ ၉၉၉ ဒေါ်လာတန် Macbook Air တွေကို Redesign ပြန်ထုတ်လုပ်လာမယ်လို့လည်း သတင်းထွက်နေတာကြောင့် နောက်ဆုံးမှာ ပိုမြန်တဲ့ ပရိုဆက်ဆာ တွေနဲ့ ပိုခေတ်မီတဲ့ အစိတ်အပိုင်းတွေ ပါဝင်တဲ့ Macbook အသစ်ကို မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

ဒါဟာ လအနည်းငယ်အတွင်း Apple ရဲ့ ဒုတိယမြောက် မိတ်ဆက်ပွဲပါ။ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ကုမ္ပဏီဟာ သူ့ရဲ့ iPhone XS, XS Max နဲ့ XR ဖုန်းအသစ်တွေကို အသစ်စက်စက် စတိဗ်ဂျော့ဘ် ခန်းမမှာ ပွဲထုတ်ခဲ့တယ်။ စမတ်နာရီအသစ်တွေကိုလည်း ပြသပေးခဲ့ပါတယ်။ Apple ဟာ အရင်ကလည်း အောက်တိုဘာ လမှာ မိတ်ဆက်ပွဲကျင်းပခဲ့ဖူးပေမယ့် ၂၀၁၆ မှာ လုပ်ခဲ့တာ နောက်ဆုံးပါပဲ။

Ref – CNET