Apple ဟာ လက်ရှိအချိန်မှာ iPhone 12 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပြီး iPhone 12 Mini နဲ့ iPhone 12 Pro Max ဖုန်းတွေကိုလည်း စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series စမတ်ဖုန်းတွေဟာ Apple အတွက် ပထမဆုံးအနေနဲ့ 5G Network ကို Support ပြုလုပ်လာတဲ့ဖုန်းတွေလည်းဖြစ်ပါတယ်။

Apple ကနေ ယခုနှစ်အစောပိုင်းမှာ iPhone 8 Body Design ကိုမှ A13 Bionic Chip ကို အသုံးပြုထားတဲ့ iPhone SE (2020) စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ စျေးနှုန်းအနေနဲ့လည်း $399 ကနေ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် တတိယ ၃ လပတ်အထိတောင်မှာ iPhone SE ဟာ ကမ္ဘာလုံးမှာ ဒုတိယရောင်းအားအကောင်းဆုံးစမတ်ဖုန်းအနေနဲ့ နေရာယူထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် လာမယ့်နှစ်မှာ iPhone SE အသစ်ကို မိတ်ဆက်လာနိုင်ခြေရှိမလားဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးပါသေးတယ်။ အခုအချိန်မှာတော့ Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို ခန့်မှန်းနေကျ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ လာမယ့် ၂၀၂၁ ပထမနှစ်ဝက်အတွင်းမှာတော့ iPhone SE အသစ်ကို မိတ်ဆက်သွားဖို့ အစီအစဥ်မရှိသေးဘူးဆိုပြီး ပြောကြားလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ဟာ လုံးဝ iPhone SE အသစ်ကို မိတ်ဆက်သွားဖို့ အစီအစဥ်မရှိတာတော့မဟုတ်ဘဲ iPhone 8 Plus Body ကိုမှ Ultrawide Secondary Camera နဲ့ မိတ်ဆက်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ၂၀၂၁ ပထမနှစ်ဝက်ပိုင်းမှာ မိတ်ဆက်နိုင်ခြင်းမရှိတာကတော့ Supply Chain Issue အချို့ကြောင့် iPhone 12 Series ကိုပဲ အဓိကဦးစားပေးရောင်းချသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone SE အသစ်ကိုတော့ iPhone SE 2 ဆိုတဲ့နာမည်အစား iPhone SE Plus လိုမျိုး နာမည်နဲ့ပဲ မိတ်ဆက်လာနိုင်ခြေများနေပါတယ်။

Ref – Gizmo China