ပြီးခဲ့တဲ့မတ်လမှာ Apple ကုမ္ပဏီက သူတို့ရဲ့ နှစ်ပတ်လည် Worldwide Developers Conference (WWDC) အား အွန်လိုင်းကသာ ကျင်းပသွားမယ်လို့ ပြောခဲ့ဖူးပြီး ယနေ့မှာတော့ ဇွန်လ ၂၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါပြီ။

WWDC ပွဲဟာ ပုံမှန်အားဖြင့် အခကြေးငွေပေးပြီး တက်ရောက်ရလေ့ရှိပေမယ့် အခုနှစ်မှာ COVID-19 ကြောင့် အွန်လိုင်းကနေသာ ပြောင်းလဲကျင်းပရသလို၊ ပထမဆုံးအဖြစ် အခမဲ့လည်း တက်ရောက်နိုင်တော့မှာပါ။ ဒီပွဲကို Apple Developer App နဲ့ ဝက်ဆိုက်တွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

WWDC ရက်စွဲနဲ့အတူ Apple က Swift Student Challenge အစီအစဉ်ကိုလည်း ကြေညာခဲ့ပြီး ကွန်ပြူတာ Coding ကို နှစ်ခြိုက်ကြတဲ့ ကျောင်းသားတွေဟာ Swift Playground ပလက်ဖောင်းကို အသုံးပြုပြီး သူတို့နှစ်သက်ရာတစ်ခုကို ပြုလုပ်ပြသရမှာပါ။

Swift Student Challenge ကို စိတ်ဝင်စားတဲ့သူတွေဟာ မေလ ၁၇ ရက်နေ့မတိုင်ခင်ထိ လျှောက်လွှာတင်နိုင်ပြီး အနိုင်ရရှိသူတွေက WWDC20 ရဲ့ Exclusive ဂျက်ကက်အင်္ကျီနဲ့ Pin Set ကိုရရှိမှာဖြစ်ပါတယ်။

Ref – GSM Arena