Apple ဟာ မေလ ၇ ရက်နေ့မှာ iPad Pro တက်ဘလက် အသစ်တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ တက်ဘလက်တွေ အကြောင်းကို ဘာမှ မပြောသေးပါဘူး။ မကြာခင်က သတင်းအရ အဲဒီ တက်ဘလက်တွေမှာ Apple M4 Chip ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အခုတော့ Apple ဟာ ဈေးကွက်ထဲမှာ အကောင်းဆုံး OLED Display တွေ တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပါတယ်။

Apple's 2024 iPad Pro lineup to come with 'best OLED tablet panels on the market'

DSCC ရဲ့ လေ့လာဆန်းစစ်သူ Ross Young က နောက်ထွက်မယ့် iPad Pro တက်ဘလက်တွေရဲ့ OLED Display ဟာ ဈေးကွက်ထဲမှာ အကောင်းဆုံး ဖြစ်မယ်လို့ ပြောပါတယ်။

Apple tipped to use 'the best OLED panels on the market' for 2024 iPad Pro  | Tom's Guide

Young က အဲဒီ Display မှာ LTPO, 120Hz Refresh Rate ပါလာမှာ ဖြစ်ပြီး အလွန်ပါးလွှာ ပေါ့ပါးမယ်လို့ ပြောပါတယ်။ Brightness ကလည်း မြင့်မားမှာ ဖြစ်ပြီး တက်ဘလက်ရဲ့ ဘက်ထရီ သက်တမ်းက ကောင်းမွန်မှာ ဖြစ်ပါတယ်။

Apple ရဲ့ 2024 iPad Pro မှာ 11.1” နဲ့ 12.9” Display အရွယ်အစားတွေ ပါလာမှာ ဖြစ်ပြီး ဘေးဘောင်တွေက ပါးလွှာမှာပါ။ တက်ဘလက် အသစ်တွေ အပြင် Apple ဟာ မေလ ၇ ရက်နေ့မှာ Squeeze Detection နဲ့ Haptic Feedback ပါတဲ့ Apple Pencil အသစ်ကိုလည်း ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena