Apple M1 chip ကို နည်းပညာကုမ္ပဏီကြီးက ဒီဇိုင်းထုတ်ခဲ့ပြီး Mac မော်ဒယ်အချို့မှာ Intel processor တွေအစား အသုံးပြုနိုင်ခဲ့ပါတယ်။ A14 Bionic chipset ဟာ ထရန် စ္စတာ ၁၁.၈ ဘီလီယံသာရှိပေမဲ့ 5nm node ကို အသုံးပြုပြီး TSMC ရဲ့ တည်ဆောက်မှုဟာ ထရန် စ္စတာ ၁၆ ဘီလီယံအထိရှိလာတာ ဖြစ်ပါတယ်။

M1 ဟာ ARM architecture ကို အသုံးပြုထားပြီး iPhone, iPad တို့လို Device တွေမှာသုံးတဲ့ A-series SoC တွေနဲ့ ဆင်တူပါတယ်။ အခုအချိန်မှာတော့ M1 ရဲ့ နောက်ဆက်တွဲတွေအပေါ် လုပ်ဆောင်နေပြီလို့ဆိုထားပါတယ်။ ဒါဟာ M2 Chip ပဲဖြစ်ရမယ်လို့ မှတ်ယူရပါတယ်။

TSMC အနေနဲ့ M2 ကို 4nm process node အသုံးပြုပြီး ထုတ်လုပ်မယ်လို့ ယုံကြည်ရပါတယ်။ Process node ပိုနိမ့်တဲ့အတွက် M2 ဟာ ရှေ့ကထွက်ခဲ့ပြီးသား Chip တွေထက် ပိုပြီးကောင်းမွန်လာမှာဖြစ်သလို၊ စွမ်းအင်သုံးစွဲမှုလည်း သက်သာမယ်ဆိုတာ ယုံမှားစရာမရှိဘူးလို့ နာမည်ကျော် Analyst တစ်ဦးဖြစ်တဲ့ Ming-Ching Kuo ကဆိုပါတယ်။

ဒါ့အပြင် M1 Chip ဟာ လာမဲ့နှစ်လယ်မှာ မိတ်ဆက်မဲ့ MacBook Air နဲ့အတူ ပွဲထွက်လာမယ်လို့လည်း Kuo က ဟောကိန်းထုတ်ထားပါသေးတယ်။ M1X နဲ့ M2 တို့ဟာ 10 CPU cores တွေနဲ့ ဖြစ်ဖွယ်ရှိပါတယ်။ M1 ကတော့ High-performance Cores ၄ ခုနဲ့ Energy-efficient cores ၄ ခု၊ စုစုပေါင်း Cores  ခုနဲ့ ဖြစ်ပါတယ်။

Ref: Phone Arena