Apple ဟာ နောက်မျိုးဆက် M4 Chip ကို တီထွင်နေပြီး နောက်ထွက်မယ့် Macs မှာ ထည့်သွင်းထားမှာပါ။ Apple ဟာ Mac Series အားလုံးမှာ M4 Chip ကို ထည့်သွင်းပေးချင်နေပါတယ်။ M4 မှာ AI စွမ်းရည်ကို အသားပေးထားမယ်လို့ Apple အရေးကျွမ်းကျင်တဲ့ Mark Burman က ပြောပါတယ်။

Apple's M4 chips are coming this year with a big focus on AI

Mac ရောင်းအားဟာ ပြီးခဲ့တဲ့နှစ် ၂၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းကတော့ ရောင်းအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ထွက်ခဲ့တဲ့ M3 Mac ရောင်းအားဟာ မကောင်းခဲ့ပါဘူး  ။ ဘာလို့လည်း ဆိုတော့ M3 ဟာ M2 ထက် စွမ်းဆောင်ရည် အများကြီး မတိုးတက်လာလို့ ဖြစ်ပါတယ်။

Apple aiming to release first M4-powered Macs this year with a focus on AI - 9to5Mac

M4 Chip ဟာ Apple ထုတ်ကုန် အားလုံးမှာ AI စွမ်းရည်ကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ M4 ပါတဲ့ ပထမဆုံး Mac တွေဟာ ဒီနှစ်နှောင်းပိုင်းမှာ ထွက်လာမှာ ဖြစ်ပြီး နောက်နှစ်မှာလည်း ဆက်တိုက်ထွက်လာမှာပါ။

ဒီနှစ်မကုန်ခင်မှာ iMac အသစ်၊ တန်ဖိုးနည်း 14” MacBook Pro ၊ စွမ်းရည်မြင့် 14” နဲ့ 16” MacBook Pro ၊ Mac Mini တို့ ထွက်လာနိုင်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ Apple ဟာ M4 ပါတဲ့ 13” နဲ့ 15” MacBook Air , Mac Studio နဲ့ Mac Pro တို့ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena