Apple ဟာ Developer tool အသစ်ကို ဖြန့်ချိခဲ့ပြီး၊ iOS 15 နဲ့ iPadOS 15 တို့မှာ iPhone နဲ့ iPad တွေကို နှေးကွေးတဲ့၊ ဒါမှမဟုတ် လုံခြုံမှုမရှိတဲ့ Wi-Fi လိုင်းအစား 5G ကွန်ရက်ကို ဦးစားပေးစေမယ်လို့ MacRumors က ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

Developer တွေအနေနဲ့ သူတို့ရဲ့ Apps တွေမှာ ဒီ Tool ကို အသုံးပြုဖို့စိတ်ဝင်စားရင် iOS 15 ဒါမှမဟုတ် iPadOS 15 တို့ရဲ့ စတုတ္ထမြောက် Beta ကို Run ရုံသာဖြစ်ပါတယ်။ ဒါဆိုရင် Device အနေနဲ့ Wi-Fi ထက် 5G ကို ပိုပြီးဦးစားပေးလာမှာ ဖြစ်ပါတယ်။

“iOS 15 ဒါမှမဟုတ် iPadOS 15 run နေတဲ့ 5G Device တွေဟာ အကယ်၍ Wi-Fi ကွန်ရက်ဟာ နှေးကွေးနေရင်၊ ဒါမှမဟုတ် လုံခြုံစိတ်ချရမှုမရှိတဲ့အခြေအနေမှာဆိုရင် 5G ကွန်ရက်ချိတ်ဆက်မှုကိုပဲ ဦးစားပေးရွေးချယ်ပါလိမ့်မယ်” လို့လည်း Apple က ပြောထားတာ ရှိပါတယ်။

ဒါကြောင့် မကြာခင်ထွက်လာမဲ့ iOS 15 နဲ့ iPadOS 15 တို့ဟာ 5G iPhone မော်ဒယ်တွေကို Wi-Fi ကွန်ရက်ရဲ့ အခြေအနေပေါ်မူတည်ပြီး ပိုမိုကောင်းမွန်လုံခြုံတဲ့ ချိတ်ဆက်မှုရရှိနိုင်ဖို့အတွက် 5G ကိုပဲ အလိုအလျောက်ဦးစားပေး ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ ဒီ Tool ကိုအသုံးပြုတဲ့ Developer တွေအနေနဲ့လည်း အသုံးပြုသူရဲ့ Wi-Fi ချိတ်ဆက်မှုရပ်တန့်သွားရင်တောင် အလိုအလျောက်ချိတ်ဆက်ပေးနိုင်မယ်လို့ သိရပါတယ်။

Ref: Phone Arena