Apple ဟာ ၂၀၂၅ ခုနှစ် မတ်လမှာ စတုတ္ထမြောက် iPhone SE ကို ကြေညာတော့မှာ ဖြစ်ပေမယ့် မကြာခင်က သတင်းအရ အဲဒီဖုန်းမှာ SE Branding ကို ဖြုတ်ထားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းကို iPhone 16E လို့ နာမည်ပေးထားနိုင်ပါတယ်။
Fixed Focus Digital က Apple ဟာ တန်ဖိုးနည်း iPhone အသစ်ကို iPhone 16E လို့ နာမည်ပေးထားမယ်လို့ ပြောပါတယ်။ အဲဒီဖုန်း ဒီဇိုင်းဟာ iPhone 14 နဲ့ တူညီနိုင်ပါတယ်။ 6.1” OLED Display ပါလာနိုင်ပြီး အရင်မျိုးဆက် SE မော်ဒယ်တွေမှာ သုံးထားတဲ့ LCD Screen ကို ဖယ်ရှားထားနိုင်ပါတယ်။ အဲဒီဖုန်းမှာ Face ID , USB-C Port , 48MP ကင်မရာ ပါလာနိုင်ပါတယ်။
Apple က အဲဒီဖုန်းမှာ A Series Chip အသစ် နဲ့ 8GB RAM ထည့်သွင်းထားနိုင်ပါတယ်။ Apple ရဲ့ 5G Modem ပါလာနိုင်ပြီး လက်ရှိ iPhone SE ထက် စွမ်းဆောင်ရည် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ iPhone 15 Pro မော်ဒယ်တွေနဲ့ မိတ်ဆက်ခဲ့တဲ့ Action Button ပါလာမလားဆိုတာ မသိရသေးပါဘူး။
လက်ရှိ iPhone SE (2022) ဟာ iPhone 8 ဒီဇိုင်းကို အခြေပြုထားတာ ဖြစ်ပြီး ကြီးမားတဲ့ Bezel ၊ Touch ID Button နဲ့ Lightning Port ပါလာပါတယ်။ နောက်ထွက်မယ့် မော်ဒယ်မှာတော့ အဲဒါတွေအစား ခေတ်ပေါ် စွမ်းရည်တွေ ပါလာမှာပါ။
Ref : Gizmochina