Qualcomm က ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း ငွေစာရင်းရှင်းတမ်းမှာ ပြောကြားချက်အရ Apple ဟာ ၂၀၂၃ ခုနှစ်ထုတ် iPhone တွေအတွက် Qualcomm ရဲ့ Modem တွေကို ဆက်လက် မှီခိုနေရဦးမှာ ဖြစ်ပါတယ်။ ကာလရှည်ကြာ သတင်းထွက်နေတဲ့ Apple ရဲ့ ကိုယ်ပိုင် 5G Modem တွေကို မိတ်ဆက်ဖို့ အချိန် အနည်းငယ်ကြာဦးမှာ ဖြစ်ပါတယ်။

An iPhone 14 Pro showing the Dynamic Island making a phone call

Apple ဟာ Taiwan Semiconductor Manufacturing Co (TSMC) နဲ့ ပူးပေါင်းကာ ၂၀၂၃ ခုနှစ်မှာ ကိုယ်ပိုင် 5G Modem ကို မိတ်ဆက်မယ်လို့ Nikkei က ၂၀၂၁ ခုနှစ်မှာ သတင်းပေးခဲ့ပါတယ်။ Qualcomm က ၂၀၂၃ ခုနှစ်ထုတ် iPhone တွေအတွက် Modem ၂၀ ရာခိုင်နှုန်းပဲ ရောင်းချရနိုင်တယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ Qualcomm CEO Akash Palkhiwala က ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်ထုတ် iPhone တွေအတွက် 5G Modem အများစုကို ထုတ်လုပ်ရောင်းချနိုင်မယ်လို့ ပြောပါတယ်။

Apple and Qualcomm end hostilities with 5G deal, force Intel to exit mobile 5G modem business - NotebookCheck.net News

Apple ဟာ ၂၀၁၉ ခုနှစ်က Qualcomm နဲ့ တရားရင်ဆိုင်ပြီးနောက် ၃ လအကြာမှာ Intel ရဲ့ စမတ်ဖုန်း Modem လုပ်ငန်း အများစုကို ဝယ်ယူခဲ့ပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ ကိုယ်ပိုင် Modem တွေ ဖန်တီးနေတာ သေချာပါတယ်။ iPhone, Mac နဲ့ Apple Watch တွေမှာ Apple ရဲ့ Custom Chip တွေဟာ အောင်မြင်နေတဲ့အတွက် Apple ဟာ စမတ်ဖုန်း ၁ လုံးရဲ့ အဓိက အစိတ်အပိုင်း ၁ ခု ဖြစ်တဲ့ Modem ကို ဖန်တီးချင်နေတာ မထူးဆန်းပါဘူး။

ဒါပေမယ့် Apple ရဲ့ ကြိုးစားမှုဟာ အရာ မထင်လာသေးပါဘူး။ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Qualcomm ဟာ ၂၀၂၃ ခုနှစ်ထုတ် iPhone တွေအတွက် 5G Chip ကို အဓိက ထောက်ပံ့သူ ဖြစ်လာမယ်လို့ ဇွန်လက ပြောခဲ့ပါတယ်။ Bloomberg ရဲ့ Mark Gurman က Apple ရဲ့ Modem နမူနာတွေဟာ အပူလွန်ကဲနေတယ်လို့ ဇူလိုင်လက ပြောခဲ့ပါတယ်။ အဲဒီ အကြောင်းအရာတွေကြောင့် Apple ဟာ Qualcomm ရဲ့ Modem တွေကိုပဲ ဆက်လက်မှီခိုနေရဦးမှာပါ။

Ref : theverge