Apple ဟာ ပြီးခဲ့တဲ့နှစ်က နေအိမ်မှာ iPhone ကို ကိုယ်တိုင် ပြင်နိုင်မယ့် Self Service Repair အစီအစဉ် ကို ကြေညာခဲ့ပြီး အဲဒီ ကနေ iPhone 12 , 13 Series နဲ့ iPhone SE 2022 အတွက် Apple အစိတ်အပိုင်းတွေနဲ့ Repair Tools တွေကို ထုတ်လုပ်ရောင်းချမှာပါ။ အခုတော့ အဲဒီ အစီအစဉ်ကို အမေရိကန်မှာ ပြုလုပ်ပေးလိုက်ပြီး Spare Parts တွေ မှာယူကာ နေအိမ်မှာ iPhone ကို ပြုပြင်နိုင်ပါပြီ။
iPhone ပိုင်ရှင်တွေဟာ Apple Self Service Repair Store ကနေ အစိတ်အပိုင်းတွေ မှာယူနိုင်ပြီး အစိတ်အပိုင်း အဟောင်းတွေကို ပြန်အပ်ရင် Store Credit ရမှာပါ။ ဒါ့အပြင် Repair Tools တွေကို ၁ ပတ်လျှင် ၄၉ ဒေါ်လာနဲ့ ငှားရမ်း နိုင်တဲ့ အစီအစဉ်လည်း ရှိပါတယ်။
Self Service Repair Shop မှာ မျက်နှာပြင်၊ ဘက်ထရီ၊ စပီကာ၊ ကင်မရာ၊ SIM Tray နဲ့ Taptic Engine တို့ ရှိသလို မူလီလို အမျိုးမျိုးသော Spare Parts များစွာကိုလည်း ရောင်းပေးပါတယ်။ ဈေးနှုန်းက အစားစားရှိပြီး iPhone 13 မျက်နှာပြင် Package ( မျက်နှာပြင်၊ Screw Kit ၊ Adhesive နဲ့ Security မူလီ တို့ပါပါတယ်။ ) ကို ၂၆၉.၉၅ ဒေါ်လာနဲ့ ဘက်ထရီ Package ကို ၇၀.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သင့် မျက်နှာပြင် အဟောင်းကို ပြန်အပ်ရင် ၃၃.၆၀ ဒေါ်လာနဲ့ ဘက်ထရီ အဟောင်းကို ပြန်အပ်ရင် ၂၄.၁၅ ဒေါ်လာရမှာပါ။
Apple က “ Self Service Repair ဟာ အီလက်ထရောနစ် ပစ္စည်းတွေကို ပြုပြင်ရာမှာ အတွေ့အကြုံရှိတဲ့ လူတွေအတွက် ရည်ရွယ်ထားပါတယ်။ Self Service Repair အစီအစဉ်က အစိတ်အပိုင်းတွေနဲ့ သင့် ဖုန်းကို ပြုပြင်ရင် Warranty မပျက်ပါဘူး။ ဒါပေမယ့် ပြုပြင်ချိန်မှာ ဟာ့ဒ်ဝဲ ထိခိုက်ပျက်ဆီးတာ အကျုံးမဝင်ပါဘူး။ “ လို့ ပြောပါတယ်။
Apple က Self Repair အစီအစဉ်မှာ Apple Silicon Macs ပါဝင်လာမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ဥရောပအတွက် အစီအစဉ်ကို တိုးချဲ့သွားမယ်လို့ ပြောပါတယ်။
Ref : gsmarena