Apple ဟာ ပြီးခဲ့တဲ့ iPhone X မှာတည်းက Face ID စနစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံးထွက်ရှိထားတဲ့ iPhone 13 Series အထိ ဆက်တိုက်အသုံးပြုနေခဲ့တာဖြစ်ပါတယ်။​ အဆိုပါ Face ID စနစ်ဟာ လက်ရှိအချိန်မှာ အလုံခြုံဆုံးစနစ်တစ်ခုဖြစ်နေပေမယ့်လည်း တစ်ဖက်မှာတော့ Display ရဲ့ အပေါ်ဘက်မှာ Camera နဲ့ Sensor တွေအတွက် Notch ပါဝင်နေတာဖြစ်ပါတယ်။​

အခုလည်း Apple ကနေ iPhone တွေတင်မဟုတ်ဘဲ MacBook Pro တွေမှာပါ Display မှာ Notch ထည့်သွင်းသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းအရတော့ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ မိတ်ဆက်သွားမယ့် MacBook Pro တွေမှာတော့ Face ID ပါဝင်တဲ့ Display Notch ပါဝင်လာနိုင်တာဖြစ်ပါတယ်။

Apple ဟာ လာမယ့်အောက်တိုဘာလ ၁၈ ရက်နေ့မှာ Display ပိုင်းကို mini-LED နဲ့အဆင့်မြှင့်တင်ထားတဲ့ MacBook Pro 14-inch နဲ့ 16-inch တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။​ mini-LED Display နည်းပညာကို အသုံးပြုလိုက်တာကြောင့် Backlight Zone တွေပိုများလာမှာဖြစ်သလို Brightness အနေနဲ့လည်း 1000Nits Brightness အထိ ရှိနေမယ်လို့ သိရပါတယ်။​ အဆိုပါ MacBook Pro အသစ်တွေဟာ Apple M1 iPad 12.9-inch ပြီးရင် ဒုတိယမြောက် mini-LED Display အသုံးပြုထားတဲ့ Device တွေလည်းဖြစ်လာမှာပါ။

Resolution အနေနဲ့လည်း MacBook Pro 14-inch ဟာ 3024 x 1964 Pixels နဲ့ MacBook Pro 16-inch ဟာ 3456 x 2234 Pixels ရှိမှာဖြစ်တာကြောင့် ယခင် MacBook Pro တွေထက် ပိုကောင်းလာပြီး 4K နီးပါးရှိနေမှာဖြစ်ပါတယ်။ Aspect Ratio အနေနဲ့ 16:10 ဖြစ်နေတာကြောင့် လက်ရှိ MacBook Pro တွေရဲ့ 16:9 Aspect Ratio ထက် ပိုရှည်သွားမှာဖြစ်ပါတယ်။​ ဒါကလည်း ဘေးဘောင်တွေသေးလာတဲ့အတွက် Face ID Notch ပါဝင်လာတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်အထိ iPhone တွေမှာ Display Notch ပါဝင်တာကြောင့် ဝေဖန်ခံနေရတဲ့အချိန်မှာ MacBook Pro တွေမှာပါ Notch ထည့်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။​

Ref – GSM Arena