Apple ဟာ နောက်ကျင်းပမယ့် WorldWide Developer Conference (WWDC) အတွက် ဖိတ်စာတွေကို စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ ဇွန်လမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲ ဖြစ်ပြီး Developer တွေအတွက် အဓိကထား ပြုလုပ်ပေးတာ ဖြစ်ပေမယ့် iOS Version အသစ်တွေကို ကြေညာလေ့ရှိတဲ့အတွက် Consumers တွေအတွက်လည်း သတင်းကောင်းတွေ ပါလာပါတယ်။

Apple's WWDC will take place from June 6 to June 10

ဒီနှစ် WWDC ကို ဇွန်လ ၆ ရက်ကနေ ၁၀ ရက်နေ့အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ Conference ကို အွန်လိုင်းကနေပဲ ကျင်းပမှာ ဖြစ်ပြီး Developer အားလုံး အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာ iOS, iPadOS, macOS, watchOS နဲ့ tvOS Version အသစ်တွေအကြောင်း အသေးစိတ် ကြားသိရမှာ ဖြစ်ပါတယ်။

2022 - Apple's WWDC 2022 Date Announced: What Will Be Introduced? - News Text Area

Apple က Developer Community ဟာ အခုဆိုရင် သန်း ၃၀ ရှိပြီ ဖြစ်ပြီး အားကောင်းလာပြီလို့ ပြောပါတယ်။ အွန်လိုင်း Conference အပြင် Apple ဟာ ဇွန်လ ၆ ရက်နေ့ Apple Park မှာ Developer နဲ့ ကျောင်းသားတွေအတွက် အထူးနေ့ကို ပြုလုပ်ပေးမှာ ဖြစ်ပြီး Apple ကြေညာချက်တွေနဲ့ State of the Union Video ကို Online Community နဲ့အတူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေအတွက် Swift Challenge ကို ပြုလုပ်ပေးမှာ ဖြစ်ပြီး ကြိုက်နှစ်သက်တဲ့ ခေါင်းစဉ်နဲ့ Swift Playgrounds App ၁ ခုကို ဖန်တီးရမှာ ဖြစ်ကာ ဧပြီလ ၂၅ ရက်နေ့မှာ တင်သွင်းရမှာ ဖြစ်ပါတယ်။

Ref : gsmarena