NFT တွေဟာ ပိုင်ဆိုင်သူကို သက်သေခံပေးတဲ့အတွက် အခုနောက်ပိုင်းမှာ အရမ်းကို ရေပန်းစားလာပါတယ်။ NFT လို့ ဆိုရာမှာ အနုပညာလက်ရာနဲ့ ဂိမ်းတွေလို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပါဝင်ပါတယ်။ NFTs တွေ ဝယ်လိုအားဟာ အရမ်းကို များပြားလာပြီး သေးငယ်တဲ့ အနုပညာလက်ရာတွေကိုတောင် ဒေါ်လာ သန်းနဲ့ချီကာ ရောင်းနေရပါတယ်။

astro boy nft

အခုလည်း ဂျပန်မှာ နာမည်ကြီး Astro Boy Anime NFT ကို လေလံတင် ရောင်းချခဲ့ရာမှာ ယန်း ၅၆ သန်းရခဲ့ပါတယ်။ ဒေါ်လာနဲ့တွက်ရင် ၄၈၇,၅၂၈  ဖြစ်ပါတယ်။ Astro Boy NFT ဟာ Anime ရဲ့ အဓိက ဇာတ်ကောင် ဖြစ်ပြီး ဖန်တီးသူ Osamu Tezuka ရဲ့ မူလ အရောင် ပန်းချီ ၈၄၀ ကျော် ပါပါတယ်။

Tezuka Osamu's Astro Boy NFTs auctioned on OpenSea

Astro Boy NFT ရဲ့ လေလံကြမ်းခင်းဈေးက 10 Ether ဖြစ်ပေမယ့် လေလံအောင်သွားတဲ့ ဈေးက 120 Ether ဖြစ်ပါတယ်။ 120 Ether ဟာ ဒေါ်လာ ၄၇၀,၀၀၀ လောက်နဲ့ ညီမျှပါတယ်။

NFT တွေကို ပုံစံမျိုးစုံနဲ့ ရောင်းချနေကြပြီး တွစ်တာရဲ့ ယခင် စီအီးအို Jack Dorsey ဟာ သူ့ လက်မှတ်ပါတဲ့ Tweet ကို NFT အနေနဲ့ ရောင်းချခဲ့ပါတယ်။ အမေရိကန် ဒစ်ဂျစ်တယ် အနုပညာရှင် Mike Winkelmann ဟာ သူ့ အနုပညာလက်ရာ Beeple ကို ဒေါ်လာ ၆၉ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ရုပ်ရှင် ဖန်တီးသူတွေဟာ NFT ဈေးကွက်မှာ ရုပ်ရှင်တွေကို ရောင်းချဖို့ ကြိုးစားနေကြပါတယ်။ Blockchain ကုမ္ပဏီများစွာဟာ နာမည်ကျော်ကြား လူသိများသူတွေနဲ့ ပူးပေါင်းကာ NFT တွေ ဖန်တီးနေကြပါတယ်။

Ref : gizmochina