Smartphone Screen တွေပေါ်မှာ စာရိုက်နိုင်လာတဲ့နောက် Hardware Keyboard တွေ ပါဝင်တဲ့ ဖုန်းတွေဟာ တဖြည်းဖြည်း မျိုးတုံးပျောက်ကွယ်လာနေပါပြီ။ ဒါကိုပြောင်းလဲဖို့ ကြိုးစားလာတာကတော့ Astro Slide 5G Transformer စမတ်ဖုန်းပါပဲ။ သူ့မှာ Slide ဆွဲထုတ်နိုင်တဲ့ Standard ကီးဘုတ်တစ်ခုပါဝင်တဲ့ 5G ဟန်းဆက်ပါ။

Specs အနေအထားဆိုရင် ဒီဖုန်းဟာ Midrange လောက်ပဲဖြစ်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ဒီဇိုင်းက အခြားဖုန်းတွေနဲ့ ကွဲပြားစေမှာပါ။ Astro Slide မှာ MediaTek Dimensity 1000 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး ထုတ်လုပ်သူတွေကတော့ လက်ရှိအချိန်ထိ မိတ်ဆက်ခဲ့သမျှထဲမှာ အမြန်ဆုံး 5G ဟန်းဆက်ဖြစ်တယ်လို့ ကြုံးဝါးထားပါတယ်။

ကင်မရာပိုင်းမှာ အဓိက 48MP ကင်မရာတစ်လုံးထဲကိုပဲ ယူဆောင်လာတယ်။ 6.53” လက်မအရွယ် Screen ဟာ ဘာ Resolution လဲဆိုတာတော့မသိရသေးပါဘူး။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး Wireless အားသွင်းစနစ် ပါဝင်ပါတယ်။ ကီးဘုတ်ဟာ Backlit ပါဝင်တာကြောင့် အမှောင်ထဲမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူ့မှာ USB-C Port နှစ်ခုပါဝင်ပြီး 3.5mm Audio Jack နဲ့ စတီရီယိုစပီကာတွေပါဝင်ပါတယ်။ Android 10 OS အသုံးပြုထားပေမယ့် Linux ထောက်ပံ့ပေးတဲ့ Multi-boot Option ပါ ပါဝင်တာကြောင့် ကွန်ပြူတာတစ်လုံးနဲ့ ပိုနီးစပ်လာတယ်။

ဒီဖုန်းဟာ သူ့ရဲ့ပုံစံမျိုးကို အသုံးပြုချင်တဲ့ သုံးစွဲသူတွေကို အာရုံစိုက်ထုတ်လုပ်တာဖြစ်လို့ အရမ်းလန်းတဲ့ စွမ်းဆောင်ရည်ကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။ မန်မိုရီပိုင်းမှာ 6/128GB ပါဝင်လို့ ဘာအတွက်ပဲသုံးသုံး အဆင်ပြေလုံလောက်မှာပါ။

Astro Slide 5G Transformer ဟာ လက်ရှိမှာ ပရောဂျက်အဆင့်သာရှိသေးတာကြောင့် စောစောစီးစီး စာရင်းပေးထားမယ်ဆိုရင် ရောင်းချမယ့်အချိန်မှာ ယူရို ၈၂၀ (မြန်မာငွေ ၁၂ သိန်းခွဲ) ကျသင့်မယ့်ဖုန်းကို ယူရို ၄၉၀ (မြန်မာငွေ ၇ သိန်းခွဲ) တည်းနဲ့ ရရှိနိုင်မယ့်အခွင့်အရေးလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့တည်ဆောက်ပုံအရ အမြောက်အများထုတ်လုပ်ဖို့ လက်ရှိမှာ အခက်အခဲရှိနေနိုင်သေးတာကိုလည်း ထည့်တွက်ရမှာပါ။

Ref – GSM Arena