Asus က Zenfone 7 Series စမတ်ဖုန်း ၂ လုံးကို ဒီလ ၂၆ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ အရင်မျိုးဆက် Zenfone 6 စမတ်ဖုန်းတွေအတွက် Android 11 Beta Program ကို စတင် ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Android 11 Beta Program မှာ ပါဝင်ချင်တဲ့ Zenfone 6 သုံးစွဲသူတွေဟာ နောက်ဆုံးထုတ် Android 10 Build 17.1810.2008.171 ကို တင်ထားရမှာ ဖြစ်ပြီး အဲဒီနောက်မှာ System Update Menu ကနေ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

Android 11 Beta Program ကို စက်တင်ဘာလ ၄ ရက်နေ့ မတိုင်ခင်အထိ ဖွင့်ပေးထားမှာ ဖြစ်ပြီး Asus က ပါဝင်ခွင့်ရရှိသူတွေကို အီးမေးကနေ အသိပေး အကြောင်းကြားမှာ ဖြစ်ပါတယ်။ Android 11 Beta Program မှာ ပါဝင်ဖို့အတွက် စမတ်ဖုန်းရဲ့ Boot Loader ဟာ Locked အနေအထား ရှိရမှာ ဖြစ်ပါတယ်။

Ref : gsmarena