Asus က Cheome OS တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Asus Chromebook Detachable CZ1 လို့ နာမည်ပေးထားပြီး အကြမ်းခံတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပြီး အမြင့်က ပြုတ်ကျတာကို ခံနိုင်ပါတယ်။ ဒါ့အပြင် ခြစ်ရာတွေ မဖြစ်အောင် ဖန်တီးထားပြီး ဒီထက် ပိုအကြမ်းခံအောင် Shockproof Cover ထုတ်လုပ်ပေးထားပါတယ်။ အဲဒီ Cover တပ်ထားရင် အမြင့် ၁၅၀ စင်တီမီတာကနေ ပြုတ်ကျတာတောင် ခံနိုင်ပါတယ်။

Specs အကြောင်းပြောရရင် Chromebook Detachable CZ1 မှာ ၁၀.၁ လက်မ FHD Multitouch မျက်နှာပြင် တပ်ဆင်ထားပြီး Blue-light ကို လျှော့ချပေးတဲ့ TUV Rheinland Certification ပါပါတယ်။ MediaTek Kompanio 500 Processor မောင်းနှင်ထားပြီး အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 2MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။ စတီရီယို စပီကာ၊ Audio Jack ၊ USB-C Port ၊ ဒစ်ဂျစ်တယ် ဘောပင်နဲ့ ကီးဘုတ်တွေ ထည့်သွင်းထားပြီး အကြမ်းခံ Case မှာ Free-angle Stand ပါတဲ့အတွက် နှစ်သက်တဲ့ Angle နဲ့ အသုံးပြုနိုင်ပါတယ်။

27Wh ဘက်ထရီ တပ်ဆင်ထားပြီး ၁ ခါ အားအပြည့်သွင်းထားရင် ၁၁ နာရီတောင် အသုံးခံတာက တော်တော်မိုက်ပါတယ်။ ကျောင်းမှာ တစ်နေ့လုံး သုံးဖို့ အဆင်ပြေပြီး အားသွင်းဖို့ 45W Type-C Adapter ထည့်သွင်းထားပါတယ်။

Chromebook Detachable CZ1 မှာ 4GB RAM နဲ့ 64GB / 128GB Internal Storage တွေ ပါလာပြီး ဈေးနှုန်းနဲ့ရောင်းချမယ့် အချိန်ကို Asus က မကြေညာသေးပါဘူး။

Ref : gizmochina