ASUS ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းတုန်းကစတင်ပြီးတော့ စမတ်ဖုန်းထုတ်လုပ်မှုတွေကို သိသိသာသာလျော့ချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ZenFone တွေအနေနဲ့ Flagship ဖုန်းတမျိုးနဲ့ ROG Gaming Phone တွေကိုပဲ ထုတ်လုပ်လာတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ASUS ကနေ ယခင်တုန်းကလိုမျိုး Budget စမတ်ဖုန်းတွေကို ပြန်လည်ထုတ်လုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒါက ယခင်တုန်းက ZenFone Max Pro နဲ့ Zenfone Max လိုမျိုး Stock Android အသုံးပြုထားပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

ASUS ဟာ လောလောဆယ်မှာ Budget ဖုန်း ၄ မျိုးကို မိတ်ဆက်ဖို့ ဆောင်ရွက်နေပြီးတော့ Codename အနေနဲ့ “Lito” ၊ “Lagoon” ၊ “Bengal’ နဲ့ “Scuba” ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။ “Lito” စမတ်ဖုန်းဟာ Qualcomm Snapdragon 765 သို့မဟုတ် 765G Chipset ကို အသုံးပြုထားပြီး “Lagoon” ကတော့ Snapdragon 690 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ 5G ကိုပါ Support ပြုလုပ်ဖို့ များနေပါတယ်။

ကျန်တဲ့ “Bengal” နဲ့ “Scuba” ဖုန်းတွေကတော့ Qualcomm Snapdragon 662 သို့မဟုတ် Snapdragon 460 Chipset တွေကို အသုံးပြုလာဖွယ်ရှိနေပြီးတော့ စျေးသက်သာတဲ့ Budget ဖုန်းတွေအနေနဲ့ မိတ်ဆက်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS အနေနဲ့ ယခု Budget ဖုန်းအသစ်တွေနဲ့ ယခင်တုန်း ZenFone Max Pro Series လိုမျိုး ပြန်လည်အောင်မြင်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena