ဈေးကွက်ထဲမှာ စွမ်းရည်မြင့် တက်ဘလက်တွေများများစားစား မရှိသေးသလို Gaming တက်ဘလက်တွေလည်း ရှားပါသေးတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်တင်းဖို့အတွက် Asus က စွမ်းရည်မြင့် ROG Flow Z13 ကို ကြေညာလိုက်ပါတယ်။

Asus' ROG Flow Z13 is a gaming tablet that can connect to an RTX 3080 - The Verge

အဲဒီ တက်ဘလက်ကို Consumer Electronics Show (CES) 2022 မှာ ကြေညာလိုက်တာ ဖြစ်ပြီး စွမ်းရည်မြင့် Laptop နဲ့ ယှဉ်လို့ရတဲ့ အမိုက်စား Specification တွေ ထည့်သွင်းထားပါတယ်။ ပါးလွှာသေးငယ်တဲ့ စွမ်းရည်မြင့် Laptop လို့တောင် ပြောနိုင်ပါတယ်။

Asus ROG Flow Z13 မှာ ၁၃.၄ လက်မ 4K 60Hz မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့တဲ့ Full HD မျက်နှာပြင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ 16:10 Aspect Ratio , Dolby Vision နဲ့ MPP 2.0 Compatible Stylus တွေ ထောက်ပံ့ထားပြီး မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။

ASUS ROG Flow Z13 Gaming Tablet

Processor အကြောင်းပြောရရင် Intel Core i9-12900H 45 ဖြစ်ပြီး NVIDIA RTX 3050 Ti 40W Graphics Processor နဲ့ တွဲဖက်ထားပါတယ်။ Memory အတွက် DDR5 RAM နဲ့ PCIe 4.0 Storage ထည့်သွင်းထားပါတယ်။

Video Output အတွက် DisplayPort 1.4 ပါတဲ့ Thunderbolt 4 Port ၁ ခု တပ်ဆင်ထားပြီး 100W PD Charging အထိ ထောက်ပံ့ပါတယ်။ နောက်ထပ် USB-C 3.2 Gen 2 Port ၁ ခုက Video နဲ့ PD Charging ကို ထောက်ပံ့သလို  PD Charging ပါတဲ့ တတိယ USB-C Port ၁ ခုလည်း တပ်ဆင်ထားပါတယ်။

အဲဒါတွေနဲ့အတူ eGPU Port ၁ ခု၊ USB-A 2.0 Port ၁ ခု၊ UHS-II Class microSD Card Reader ၁ ခု၊ HDMI 2.0 Port ၁ ခုနဲ့ နားကြပ်ပေါက် ၁ ခု တပ်ဆင်ထားပါတယ်။ Software ကတော့ Windows Operating System ဖြစ်ပါတယ်။

Asus ROG Flow Z13 ကို ဒီနှစ် ပထမ နှစ်ဝက်မှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gizmochina