ASUS ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်လုပ်ထားတဲ့ ROG Phone 2 စမတ်ဖုန်းဟာ လက်ရှိအချိန်ထိ အကောင်းဆုံး Gaming စမတ်ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ ASUS အနေနဲ့ ဒီ ROG Phone 2 ကို တရုတ်နိုင်ငံရဲ့ နာမည်ကြီး Tencent Games နဲ့လည်း ပူးပေါင်းပြီး Tencent Edition ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။

အခုအချိန်မှာတော့ ASUS ကနေ သူ့ရဲ့ Fan တွေကို Email ပို့ပြီးတော့ ROG Phone 2 ဟာ ယခုရက်ပိုင်းမှာ ပစ္စည်းပြတ်လပ်သွားမယ်လို့ အသိပေးလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပြတ်လပ်တာကလည်း လက်ရှိ တရုတ်နိုင်ငံအပါအဝင် အာရှနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ASUS ဘက်က ROG Phone 2 ကို ပြန်လည်ရရှိမယ့်အချိန်ကိုတော့ ပြောကြားခဲ့ခြင်းမရှိဘဲ အမြန်ဆုံးပြန်လည်ရောင်းချနိုင်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

လောလောဆယ်မှာ Apple နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေက တရုတ်နိုင်ငံမှာရှိတဲ့ Offline Store တွေကို ပိတ်သိမ်းလိုက်ပြီဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် Galaxy S20 Series တွေရဲ့ Accessories တွေထုတ်လုပ်မှု ပြတ်လပ်နိုင်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

Ref – GSM Arena