Unicode

ASUS ရဲ့ ဒုတိယမြောက် Gaming Phone တစ်လုံးဖြစ်တဲ့ ASUS ROG Phone 2 ဟာဆိုရင် စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိစမတ်ဖုန်းတွေအားလုံးထက်ပိုမိုမြန်ဆန်တဲ့အပြင် Software ပိုင်း Battery ပိုင်းမှာပါ အားနည်းချက်မရှိတဲ့အတွက် လက်ရှိမှာ အကောင်းဆုံး Flagship ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း Gaming Phone တစ်လုံးဖြစ်တာနဲ့အတူ Camera ပိုင်းမှာတော့ လက်ရှိအကောင်းဆုံးဆိုတဲ့ Flagship ဖုန်းတွေကို မမှီတာကိုတော့ လက်ခံရမှာပါ။ အခုလည်း ASUS ROG Phone 2 ရဲ့ Camera Performance ကို DxOMark က တိုင်းတာခဲ့ပြီးတော့ ရလဒ်တွေက အားရစရာမကောင်းခဲ့ပြန်ပါဘူး။

DxOMark ကနေ ဒီ ASUS ROG Phone 2 ကို Total Score အနေနဲ့ ၉၅ မှတ်ပဲ ပေးခဲ့တာဖြစ်ပြီး အခုရမှတ်က ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကထွက်ရှိခဲ့တဲ့ OnePlus 6 လိုဖုန်းထက်တောင် အားနည်းနေတာဖြစ်ပါတယ်။ Photo Score အနေနဲ့တော့ ၉၇ မှတ်နဲ့ Video Score အနေနဲ့တော့ ၉၂ မှတ်ပဲ ရရှိခဲ့တာပါ။

DxOMark ကတော့ ဒီ ASUS ROG Phone 2 ရဲ့ Camera ဟာ Consistent ဖြစ်တဲ့ Image Quality ကို မထိန်းသိမ်းနိုင်တဲ့အပြင် White Balance ၊ Exposure နဲ့ HDR လိုအပ်တဲ့ Scene တွေမှာ Ghosting တွေကိုပါ မြင်တွေ့ရတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS ROG Phone 2 က ကင်မရာပိုင်းကို ရည်ရွယ်တဲ့စမတ်ဖုန်းတစ်လုံးမဟုတ်ပေမယ့်လည်း ဒီလိုမျိုးအားနည်းချက်ရှိနေတာကတော့ ဝယ်မယ့်သူတွေအတွက် စဥ်းစားစရာဖြစ်လာမှာပါ။

Ref – GSM Arena

Zawgyi

ASUS ရဲ႕ ဒုတိယေျမာက္ Gaming Phone တစ္လုံးျဖစ္တဲ့ ASUS ROG Phone 2 ဟာဆိုရင္ စြမ္းေဆာင္ရည္ပိုင္းမွာ လက္ရွိစမတ္ဖုန္းေတြအားလုံးထက္ပိုမိုျမန္ဆန္တဲ့အျပင္ Software ပိုင္း Battery ပိုင္းမွာပါ အားနည္းခ်က္မရွိတဲ့အတြက္ လက္ရွိမွာ အေကာင္းဆုံး Flagship ဖုန္းတစ္လုံးလို႔ေတာင္ ေျပာႏိုင္ပါတယ္။

ဒါေပမယ့္လည္း Gaming Phone တစ္လုံးျဖစ္တာနဲ႔အတူ Camera ပိုင္းမွာေတာ့ လက္ရွိအေကာင္းဆုံးဆိုတဲ့ Flagship ဖုန္းေတြကို မမွီတာကိုေတာ့ လက္ခံရမွာပါ။ အခုလည္း ASUS ROG Phone 2 ရဲ႕ Camera Performance ကို DxOMark က တိုင္းတာခဲ့ၿပီးေတာ့ ရလဒ္ေတြက အားရစရာမေကာင္းခဲ့ျပန္ပါဘူး။

DxOMark ကေန ဒီ ASUS ROG Phone 2 ကို Total Score အေနနဲ႔ ၉၅ မွတ္ပဲ ေပးခဲ့တာျဖစ္ၿပီး အခုရမွတ္က ၿပီးခဲ့တဲ့ ၂၀၁၈ တုန္းကထြက္ရွိခဲ့တဲ့ OnePlus 6 လိုဖုန္းထက္ေတာင္ အားနည္းေနတာျဖစ္ပါတယ္။ Photo Score အေနနဲ႔ေတာ့ ၉၇ မွတ္နဲ႔ Video Score အေနနဲ႔ေတာ့ ၉၂ မွတ္ပဲ ရရွိခဲ့တာပါ။

DxOMark ကေတာ့ ဒီ ASUS ROG Phone 2 ရဲ႕ Camera ဟာ Consistent ျဖစ္တဲ့ Image Quality ကို မထိန္းသိမ္းႏိုင္တဲ့အျပင္ White Balance ၊ Exposure နဲ႔ HDR လိုအပ္တဲ့ Scene ေတြမွာ Ghosting ေတြကိုပါ ျမင္ေတြ႕ရတယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ASUS ROG Phone 2 က ကင္မရာပိုင္းကို ရည္႐ြယ္တဲ့စမတ္ဖုန္းတစ္လုံးမဟုတ္ေပမယ့္လည္း ဒီလိုမ်ိဳးအားနည္းခ်က္ရွိေနတာကေတာ့ ဝယ္မယ့္သူေတြအတြက္ စဥ္းစားစရာျဖစ္လာမွာပါ။

Ref – GSM Arena