ယခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ ASUS ROG Phone 5 ဟာ လက်ရှိအချိန်အထိ အကောင်ဆုံး Gaming Phone တစ်လုံးဖြစ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ASUS ကနေ အခုအချိန်မှာ ပိုကောင်းတဲ့ ROG Phone 5s နဲ့ 5s Pro ဆိုပြီး ROG Phone အသစ်တွေကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

အခု ROG Phone 5s ဆိုပြီး S Series အနေနဲ့ ၁ နှစ်အတွင်းမှာ ဒုတိယအကြိမ်မိတ်ဆက်တာက ပထမဆုံးဖြစ်ပြီး Design ပိုင်းအနေနဲ့ အနည်းငယ်ပဲ ပြောင်းလဲမှုပြုလုပ်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီအစား အတွင်းပိုင်း Specification တွေကိုပဲ အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

ROG Phone 5s Series ဟာ Qualcomm Snapdragon 888+ ကို အဆင့်မြင့်တင်ထားပြီး Clock Speed အနေနဲ့ အမြင့်ဆုံး 3.0GHz အထိ ရှိသွားမှာဖြစ်ပါတယ်။ AI Engine ကိုလည်း ယခင်ထက် ၂၀ ရာခိုင်နှုန်းစွမ်းဆောင်ရည်ပိုကောင်းအောင် အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ ယခုအချိန်မှာ AI Engine ကနေ 32 TOPS အထိ စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ASUS ROG Phone 5s Pro မှာဆိုရင် RAM ကို 18GB LPDDR5 အထိ ပါဝင်လာမှာဖြစ်ပြီး Storage အနေနဲ့လည်း 512GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခင် ROG Phone 5 Ultimate Version မှာပါဝင်တဲ့ နောက်ကျောဘက်က Monochrome Display ကို အဆင့်မြှင့်တင်ထားတဲ့ Color PMOLED Display ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ROG Phone 5s အနေနဲ့ကတော့ RAM 8GB/128GB ကနေစတင်ပြီး RAM 12/256GB သို့မဟုတ် RAM 16/256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ Display ပါဝင်တော့မှာမဟုတ်ဘဲ ROG Logo ကိုပဲ ထည့်သွင်းပေးထားပါတယ်။

ROG Phone 5s Series ဟာ Gaming Phone ဖြစ်တာနဲ့အတူ Touch Latency ပိုင်းကို 24ms အထိ လျော့ချပေးထားပြီး Touch Sampling Rate အနေနဲ့ 360Hz အထိ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လက်ရှိ Gaming Phone တွေထဲမှာ Touch Latency အကောင်းဆုံးဖြစ်နေပြီဖြစ်ပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ 6.78″ Full HD+ 144Hz Super AMOLED Display ကိုမှ HDR10+ နဲ့ sRGB 151% ၊ DCI-P3 111% အထိ Support ပြုလုပ်ထားပြီး Maximum Brightness ကလည်း 800 Nits အထိ ရှိမှာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ 6000mAh Battery ကိုမှ 65W Fast Charging အထိ Support ပြုလုပ်ထားမှာဖြစ်ပါတယ်။ ROG Phone တွေရဲ့ ထုံးစံအတိုင်း Side Mounted USB-C Port နဲ့ AeroActive Cooler 5 ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ASUS ဟာ ROG Phone 5s Series ရဲ့ စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် အနည်းဆုံး ဒေါ်လာ ၁,၀၀၀ ဝန်းကျင် ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena