Asus က VivoBook K15 ကို ကြေညာလိုက်ပြီး ၁၅.၆ လက်မ FHD OLED NanoEdge မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Asus ဟာ Laptop နဲ့ PC နယ်ပယ်မှာ နာမည်ကြီး ဖြစ်တဲ့အတိုင်းပဲ VivoBook K15 မှာ အမိုက်စား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

ASUS Vivobook 15

Intel 11th Gen Core or AMD Ryzen 5000 Series Processor တွေ ရွေးချယ်နိုင်ပြီး WiFi 6 ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ဟာ 100% DCI-P3 Color Gamut ထောက်ပံ့ထားပြီး TUV Rheinland Certification ရထားတဲ့အတွက် မျက်လုံး မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Dual HDD+SSD Storage Option တွေ ရွေးချယ်နိုင်ပြီး Screen-to-body Ratio က ၈၅ ရာခိုင်နှုန်း ရှိပါတယ်။ RAM Option တွေအနေနဲ့ 8GB ကနေ 16GB အတွင်း ရွေးချယ်နိုင်ပြီး Storage Option တွေအနေနဲ့ 256GB ကနေ 512GB အတွင်း တပ်ဆင်ထားပါတယ်။ USB 3.2 , USB 2.0 Port တွေ အပြင် HDMI Port ၁ ခု၊ နားကြပ်ပေါက် ၁ ခု၊ micro SD/ micro SD 4.0 Card Reader တွေ ပါပါတယ်။

Asus VivoBook K15 Laptop မှာ Backlit Chiclet Keyboard တပ်ဆင်ထားပြီး Key-travel က 1.4mm ရှိပါတယ်။ အလေးချိန်က ၁.၈၀ ကီလိုဂရမ် ရှိပြီး HD ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Windows 10/Windows 10 Pro OS မောင်းနှင်ထားပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်ကို အိန္ဒိယမှာ ၄၆၉၉၀ ရူပီး သတ်မှတ်ထားပြီး ၁၁ သိန်း ၈ သောင်းလောက် ကျသင့်ပါတယ်။ ဒီလ ၃ ရက်နေ့မှာ Flipkart, Amazon, ASUS Exclusive Stores တွေကနေ ရောင်းချပေးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina