ASUS ဟာ ယခုနှစ်အတွက် Flagship ဖုန်းအနေနဲ့ ROG Phone 7 Gaming Phone ကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း ASUS ကနေ နောက်ထပ် Gaming မဟုတ်တဲ့ Flagship ဖုန်းတစ်လုံးကို မကြာခင်မှာ မိတ်ဆက်သွားဦးမှာပါ။

အဆိုပါ စမတ်ဖုန်းကတော့ ASUS Zenfone 10 ဖြစ်ပြီး လက်ရှိအချိန်မှာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ Specification အချို့ ပေါက်ကြားခဲ့ပါတယ်။

Geekbench ကနေ သိရှိရတဲ့သတင်းအရ ASUS Zenfone 10 ဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထူးခြားချက်တစ်ခုက RAM ကို 16GB အထိ ထည့်သွင်းပေးထားတာကြောင့် လက်ရှိ Android Flagship ဖုန်းတွေထဲမှာ အမြင့်ဆုံးပါဝင်တဲ့ဖုန်းဖြစ်လာမှာပါ။

ASUS ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Zenfone 9 မှာလည်း RAM ကို 6GB ၊ 8GB အပြင် 16GB အထိ ထည့်သွင်းပေးခဲ့တာကြောင့် Zenfone 10 ဖုန်းဟာလည်း ပိုနည်းတဲ့ RAM Version တွေကို ရွေးချယ်နိုင်ဖွယ်ရှိပါတယ်။ Software ပိုင်းမှာ Zenfone 10 ဟာ Android 13 OS ကို အသုံးပြုထားတာကို တွေ့ရပါတယ်။

အစောပိုင်းက ထွက်ရှိထားတဲ့သတင်းတွေအရ ASUS Zenfone 10 ဖုန်းဟာ 6.3″ AMOLED Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။​ Storage အနေနဲ့ အမြင့်ဆုံး 512GB အထိ ပါဝင်မှာဖြစ်သလို Camera ပိုင်းမှာလည်း 200MP Sensor ကို OIS ပါ ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ IP68 Dust & Water Resistant Rating လည်းပါဝင်ပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena