DxOMark ဟာ Asus Zenfone 7 Pro အတွက် Review ကို နှစ်ပိုင်းခွဲထားပါတယ်။ တစ်ခုကတော့ အဓိက ကင်မရာအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ Selfie mode အတွက် ဖြစ်ပါတယ်။ ကင်မရာချင်းအတူတူပဲဖြစ်ပေမယ့် Mode ကိုမူတည်ပြီး အဆင့်ခွဲပေးလိုက်တာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

DxOMark ဟာ ကင်မရာတွေကို Review လုပ်တဲ့နေရာမှာ တိကျမှန်ကန်ပြီး၊ သြဇာလွှမ်းမိုးမှုလည်း ကြီးမားပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတောင်မှ မပစ်ပယ်ဘဲ ထည့်သွင်းတွက်ချက်ပြီး အကဲဖြတ်ပေးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အကဲဖြတ်မှုတွေမှာ ယေဘုယျအားဖြင့် ပြန်ပြီးပြောကြတာကတော့ Pleasing colors, တိကျပြီး မြန်ဆန်တဲ့ Autofoucs နဲ့ Exposure တိကျမှုတို့ပဲ ဖြစ်ပါလိမ့်မယ်။

Asus Zenfone 7 Pro အတွက် အကဲဖြတ်ရာမှာလည်း Dynamic range အားနည်းမှုပေါ်မူတည်ပြီး အချို့မြင်ကွင်းတွေမှာ အရောင်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်ပေါ်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ Asus Zenfone 7 Pro ရဲ့ စုစုပေါင်းရမှတ်ဟာ ၁၁၅ မှတ်ဖြစ်ပြီး DxOMark ရဲ့ မိုလ်ဘိုင်းဖုန်း အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၂၂ ဖြစ်ခဲ့ပါတယ်။ ဒီအဆင့်ဟာ Huawei P30 Pro ရဲ့ နောက်မှာဖြစ်ပြီး OnePlus 7T နဲ့ 7T Pro တို့ရဲ့ အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။

Selfie mode အတွက် အကဲဖြတ်ချက်မှာတော့ Zenfone 7 Pro ဟာ စုစုပေါင်းရမှတ် ၁၀၁ မှတ်ကို ပိုင်ဆိုင်ခဲ့ပြီး DxO ရဲ့ ဒုတိယအကောင်းဆုံး Selfie ကင်မရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။ ပထမနေရာမှာ ရှိနေတာကတော့ Huawei P40 Pro ပါပဲ။ တကယ်တော့ Zenfone 7 Pro ဟာ ဆုံလည်ကင်မရာကို အသုံးပြုထားတာကြောင့် Selfie ရိုက်ကူးရာမှာလည်း အဓိကကင်မရာကိုပဲ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒါကြောင့် အားသာချက်အနေနဲ့ ပိုကြီးမားတဲ့ အာရုံခံကိရိယာနဲ့ ပိုကောင်းမွန်တဲ့ မှန်ဘီလူးတွေရှိတဲ့ Selfie ကင်မရာကို ပိုင်ဆိုင်ထားရပါတယ်။

Selfie mode အနေနဲ့ အကဲဖြတ်ရာမှာတော့ မူလကင်မရာဟာ အလွန်ကောင်းမွန်တဲ့ Dynamic range, အခြေအနေအားလုံးအတွက် ကောင်းမွန်တဲ့ Exposure, ကောင်းမွန်တဲ့အရောင်တွေနဲ့ ကောင်းမွန်တဲ့ Skin tones တွေကို ဖမ်းယူပေးနိုင်တယ်လို့ ဆိုပါတယ်။ အားနည်းချက်ကတော့ Skin texure တွေကို Oversharpening ဖြစ်စေတာပါပဲ။

Ref: GSM Arena