ASUS ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Gaming Phone တစ်လုံးဖြစ်တဲ့ ROG Phone 3 ကို မိတ်ဆက်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ Gaming Phone မဟုတ်တဲ့ Flagship ဖုန်းတွေဖြစ်လာမယ့် ASUS Zenfone 7 Series ဖုန်းတွေကိုလည်း မိတ်ဆက်သွားတော့မှာပါ။

ASUS ကနေ တရားဝင်ကြေညာချက်အရတော့ Zenfone 7 Series ဖုန်းတွေကို လာမယ့် သြဂုတ် ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Event ကို Taiwan နိုင်ငံမှာပဲ ပြုလုပ်မှာဖြစ်ပြီး ASUS YouTube Channel ကနေတော့ Streaming ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

 

ASUS Zenfone 7 Series လို့ ခေါ်ဆိုထားတဲ့အတွက် ဖြစ်နိုင်တာကတော့ Zenfone 7 အပြင် Zenfone 7 Pro သို့မဟုတ် Zenfone 7 Plus ဆိုပြီးပါ ၂ မျိုးမိတ်ဆက်သွားဖို့များနေပါတယ်။ Teaser Video အရတော့ Quad Camera Setup ကို အသုံးပြုထားမယ်လို့ သိရပြီး ပြီးခဲ့တဲ့ Zenfone 6 လိုမျိုးပဲ Motorized Flip Camera Setup ကို အသုံးပြုလာနိုင်ပါတယ်။

ယခင်တုန်းကလည်း ASUS Zenfone 7 ဖုန်းဟာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ Qualcomm Snapdragon 865 Chipset နဲ့ RAM 16GB Version အနေနဲ့ ထွက်ရှိခဲ့ပါသေးတယ်။ ကျန်တဲ့ Specification အသေးစိတ်နဲ့ Design ကတော့ ပေါက်ကြားသေးခြင်းမရှိတဲ့အတွက် လာမယ့်သြဂုတ်လ ၂၆ ရက်နေ့အထိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena