Asus က စွမ်းရည်မြင့် ZenFone 7 နဲ့ 7 Pro တို့ကို ထိုင်ဝမ်မှာ ကြေညာလိုက်ပါတယ်။ ZenFone 7 နဲ့ 7 Pro မှာ ၆.၆၇ လက်မ AMOLED 20:9 FullHD+ မျက်နှာပြင်၊ 90Hz Refresh Rate ၊ HDR10+ နဲ့ Gorilla Glass 6 တွေ ထည့်သွင်းထားပါတယ်။ အရှေ့ ကင်မရာ မပါဘဲ Flip-up ကင်မရာကို သုံးထားတဲ့အတွက် အလန်းစား ဆဲလ်ဖီးတွေ ရိုက်ကူးနိုင်ပါတယ်။ 64MP Sony IMX686 Main , 12MP Ultrawide နဲ့ 8MP Telephoto (3x Optical Zoom & 12x Digital Zoom) ကင်မရာတွေ ဖြစ်ပါတယ်။

ကင်မရာတွေမှာ Dual-LED Flash ထောက်ပံ့ထားပြီး 120fps Slow-motion ဗီဒီယိုနဲ့ 8K 30fps ဗီဒီယိုတွေအထိ ဖမ်းယူနိုင်ပါတယ်။ ဖုန်း ၂ လုံးရဲ့ ကင်မရာတွေမှာ အဓိက ကွာခြားချက်က 7 Pro ရဲ့ Main နဲ့ Telephoto ကင်မရာတွေမှာ OIS ပါလာပြီး 7 မှာ မပါလာတာပါ။ ကင်မရာတွေရဲ့ အလေးချိန်ကို ပိုခံနိုင်ဖို့ မော်တာ အသစ်ကို သုံးထားပြီး Angle Sensor က ကြိုတင်သတ်မှတ်ထားတဲ့ Angle ကို ရောက်အောင် ရွေ့လျားပေးပါတယ်။

ZenFone 7 မှာ Snapdragon 865 နဲ့ 7 Pro မှာ Snapdragon 865+  တွေ ထည့်သွင်းထားပြီး ၂ လုံးစလုံးမှာ  LPDDR5 RAM နဲ့ UFS 3.1 Storage တွေ ပါလာပါတယ်။ microSD Card လည်း စိုက်နိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 10 အခြေပြု ZenUI 7 မောင်းနှင်ထားပြီး 30W HyperCharge Fast Charging နဲ့ Qualcomm ရဲ့ 27W Quick Charge 4.0 ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ Face Recognition ၊ Dual SIM ၊ 5G ၊ WiFi 6 ၊ Bluetooth 5.1 ၊ NFC နဲ့ USB-C တွေ ထည့်သွင်းထားပြီး နားကြပ်ပေါက်ကို ဖြုတ်ထားပါတယ်။

ZenFone 7 နဲ့ 7 Pro အတွက် Aurora Black နဲ့ Pastel White ၂ ရောင်ထုတ်လုပ်ထားပါတယ်။   ZenFone 7 ရဲ့ 6/128GB နဲ့ 8/128GB တွေကို ထိုင်ဝမ်ဒေါ်လာ ၂၁,၉၉၀ နဲ့ ၂၃,၉၉၀ အသီးသီး သတ်မှတ်ထားပြီး ၁၀ သိန်း ၁ သောင်းနဲ့ ၁၁ သိန်းလောက် ကျသင့်မှာပါ။ 7 Pro အတွက်  8/256GB ၁ မျိုးထဲထုတ်လုပ်ထားပြီး ထိုင်ဝမ် ဒေါ်လာ ၂၇,၉၉၀ သတ်မှတ်ထားပါတယ်။ ၁၂ သိန်း ၉ သောင်းလောက်ကျသင့်မှာ ဖြစ်ပြီး ဖုန်း ၂ လုံးစလုံးကို ထိုင်ဝမ်မှာ ရောင်းပေးလိုက်ပါပြီ။ ကင်မရာတွေအတွက် အကြမ်းခံတဲ့ Active Case ကို ထည့်သွင်းပေးထားပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina