ASUS ဟာ နှစ်စဥ် ROG Gaming Phone တွေအပြင် ပုံမှန် Flagship ဖုန်းတွေဖြစ်တဲ့ Zenfone Series ကိုလည်း မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုဆိုရင် Zenfone 8 အထိ မိတ်ဆက်ထားပြီးဖြစ်သလို လာမယ့် လပိုင်းအတွင်းမှာလည်း Zenfone 9 ကိုပါ မိတ်ဆက်သွားဖို့စီစဥ်နေပုံရပါတယ်။

ဘာကြောင့်လဲဆိုရင် Zenfone 9 ဖုန်းရဲ့ Screenshot လို့ ယူဆရတဲ့ ဓါတ်ပုံတစ်ပုံက ပေါက်ကြားလာခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Screenshot ဟာ Zenfone 9 ရဲ့ နောက်ကျောဘက်ကို ခေါက်ပြီး Function တွေကို ခိုင်းစေနိုင်တဲ့ Back Double Tap Feature ကို ဖော်ပြခဲ့တာဖြစ်ပြီး ဖုန်းဓါတ်ပုံကိုပါ မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ Screenshot ထဲက ဖုန်းဓါတ်ပုံအရတော့ ASUS Zenfone 9 ဟာ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Camera Setup ရဲ့ အောက်နားမှာလည်း Secondary Display တစ်ခုက ပါဝင်ဦးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ ROG Phone 5 မှာလည်း နောက်ကျောဘက်မှာ Secondary Display ပါဝင်တာကြောင့် အခုလိုမျိုး Zenfone 9 မှာလည်း Secondary Display ပါဝင်ဖို့က ရာခိုင်နှုန်းများနေပါတယ်။

ကျန်တဲ့ Feature တွေကိုတော့ အတိအကျမသိခဲ့ရပေမယ့် အဆိုပါ Double Back Tap Feature ကနေ Screenshot ၊ Camera ဖွင့်တာမျိုးကဲ့သို့ Function တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဖုန်း Design အနေနဲ့လည်း လက်ရှိ Zenfone 8 နဲ့ဆင်တူနိုင်သလို မနှစ်တုန်းကအတိုင်းပဲ Camera Module ကို 180-Degree လှည့်နိုင်တဲ့ Zenfone 9 Flip လည်းပါဝင်လာမလားဆိုတာကိုတော့ မသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် လာမယ့် ရက်သတ္တပါတ်အတွင်းမှာ ASUS Zenfone 9 ဖုန်းနဲ့ ပတ်သက်တဲ့သတင်းတွေကို ထပ်မံသိရှိရဖွယ်ရှိပါတယ်။

Ref – Gizmo China