Unicode

ASUS ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက မိတ်ဆက်ထားတဲ့ သက်တမ်း ၂ နှစ်နီးပါးရှိနေတဲ့ Budget ဖုန်းတစ်လုံးကို Android 10 Update ထုတ်ပေးလိုက်ပါပြီ။ အဆိုပါဖုန်းကတော့ ASUS ZenFone Max Pro M1 ပဲဖြစ်ပြီး စတင်ထွက်ရှိတဲ့အချိန်တုန်းက Android 8.1 Oreo နဲ့ ထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

လောလောဆယ်မှာ ASUS ZenFone Max Pro M1 ဟာ Android 10 Beta Update ကို စတင် Update ပြုလုပ်နိုင်ပြီးတော့ ဒါက ဒုတိယမြောက် Major Android OS Update ရရှိတာဖြစ်ပါတယ်။ ASUS အနေနဲ့ ZenFone Max Pro M1 ကို Android One ဖုန်းတစ်လုံးအနေနဲ့ ထုတ်ခဲ့တာမဟုတ်တဲ့အတွက် အခုလို Android 10 အထိ Update ထုတ်ပေးနေတာက အံ့သြဖို့တောင် ကောင်းနေပါတယ်။ ဒါပေမယ့် ဒီ Android 10 Update ဟာ ASUS ZenFone Max Pro M1 အတွက် နောက်ဆုံး Major Update ဖြစ်လာမှာပါ။

ASUS ZenFone Max Pro M1 ဟာ ထွက်ရှိတဲ့အချိန်တုန်းက Snapdragon 636 Processor ၊ 13MP Dual Camera Setup နဲ့ 5.99″ FullHD+ Display တွေပါဝင်တဲ့ သာမန် Budget ဖုန်းတစ်လုံးဖြစ်ပေမယ့် ASUS ZenUI အစား Pure Android OS ကို အသုံးပြုထားတာနဲ့ 5000mAh Battery ပါဝင်တဲ့အချက်တွေကြောင့် အောင်မြင်ခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ဒီ ZenFone Max Pro M1 အတွက် Android 10 Beta ကို ယခု Link မှာ Download ရယူနိုင်ပြီး Version 17.2017.1911.407 နဲ့ 1.6GB File Size ရှိမှာဖြစ်ပါတယ်။ အခုလို Android 10 Update နဲ့အတူ System-wide Dark Mode ၊ Full Screen Navigation Gesture နဲ့ Privacy Control Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

တကယ်လို့ Beta ROM အစား Stable Update ထွက်ရှိမယ့်အချိန်ကိုတော့ အတည်ပြုပြောကြားခဲ့ခြင်းမရှိပေမယ့် လာမယ့်ရက်သတ္တပတ်ပိုင်းအတွင်း ထွက်ရှိလာနိုင်ပါတယ်။

Ref – XDA Developer

Zawgyi

ASUS ကေန ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ထဲက မိတ္ဆက္ထားတဲ့ သက္တမ္း ၂ ႏွစ္နီးပါးရွိေနတဲ့ Budget ဖုန္းတစ္လုံးကို Android 10 Update ထုတ္ေပးလိုက္ပါၿပီ။ အဆိုပါဖုန္းကေတာ့ ASUS ZenFone Max Pro M1 ပဲျဖစ္ၿပီး စတင္ထြက္ရွိတဲ့အခ်ိန္တုန္းက Android 8.1 Oreo နဲ႔ ထြက္ရွိခဲ့တာလည္းျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ASUS ZenFone Max Pro M1 ဟာ Android 10 Beta Update ကို စတင္ Update ျပဳလုပ္ႏိုင္ၿပီးေတာ့ ဒါက ဒုတိယေျမာက္ Major Android OS Update ရရွိတာျဖစ္ပါတယ္။ ASUS အေနနဲ႔ ZenFone Max Pro M1 ကို Android One ဖုန္းတစ္လုံးအေနနဲ႔ ထုတ္ခဲ့တာမဟုတ္တဲ့အတြက္ အခုလို Android 10 အထိ Update ထုတ္ေပးေနတာက အံ့ၾသဖို႔ေတာင္ ေကာင္းေနပါတယ္။ ဒါေပမယ့္ ဒီ Android 10 Update ဟာ ASUS ZenFone Max Pro M1 အတြက္ ေနာက္ဆုံး Major Update ျဖစ္လာမွာပါ။

ASUS ZenFone Max Pro M1 ဟာ ထြက္ရွိတဲ့အခ်ိန္တုန္းက Snapdragon 636 Processor ၊ 13MP Dual Camera Setup နဲ႔ 5.99″ FullHD+ Display ေတြပါဝင္တဲ့ သာမန္ Budget ဖုန္းတစ္လုံးျဖစ္ေပမယ့္ ASUS ZenUI အစား Pure Android OS ကို အသုံးျပဳထားတာနဲ႔ 5000mAh Battery ပါဝင္တဲ့အခ်က္ေတြေၾကာင့္ ေအာင္ျမင္ခဲ့တဲ့ စမတ္ဖုန္းတစ္လုံးျဖစ္ခဲ့တာပါ။

ဘာပဲျဖစ္ျဖစ္ ဒီ ZenFone Max Pro M1 အတြက္ Android 10 Beta ကို ယခု Link မွာ Download ရယူႏိုင္ၿပီး Version 17.2017.1911.407 နဲ႔ 1.6GB File Size ရွိမွာျဖစ္ပါတယ္။ အခုလို Android 10 Update နဲ႔အတူ System-wide Dark Mode ၊ Full Screen Navigation Gesture နဲ႔ Privacy Control Feature အသစ္ေတြပါဝင္လာမွာျဖစ္ပါတယ္။

တကယ္လို႔ Beta ROM အစား Stable Update ထြက္ရွိမယ့္အခ်ိန္ကိုေတာ့ အတည္ျပဳေျပာၾကားခဲ့ျခင္းမရွိေပမယ့္ လာမယ့္ရက္သတၱပတ္ပိုင္းအတြင္း ထြက္ရွိလာႏိုင္ပါတယ္။

Ref – XDA Developer