မိုင်ယာမီက Art Basel အနုပညာပြပွဲမှာ လူတွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Elon Musk ၊ Jeff Bezos နဲ့ Mark Zuckerberg တို့လို နည်းပညာသူဌေးကြီးတွေအပြင် Andy Warhol နဲ့ Pablo Picasso တို့လို ကမ္ဘာကျော်ပန်းချီဆရာကြီးတွေရဲ့ မျက်နှာတွေ တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးတွေ လျှောက်သွားနေကြတာပါ။ ဒီစက်ရုပ်တွေက လမ်းလျှောက်နေရင်း ရုတ်တရက် ဖင်ကုန်းပြီး သူတို့ရဲ့ ကျောကုန်းပေါ်က Screen မှာ “Poop Mode” လို့ပေါ်လာရာကနေ ဓာတ်ပုံတွေကို “အီးပါ” ချသလိုမျိုး ထုတ်ပေးနေတာ ဖြစ်ပါတယ်။

why are musk and zuckerberg's robot dogs at art basel miami?

“Regular Animals” လို့နာမည်ပေးထားတဲ့ ဒီလက်ရာကို ဒေါ်လာ ၆၉ သန်းတန် NFT ဖန်တီးရှင် Beeple (Mike Winkelmann) က ဖန်တီးထားတာပါ။ ဒီစက်ရုပ်တွေက ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ပြီး သူတို့မျက်နှာပိုင်ရှင်တွေရဲ့ အမြင်အတိုင်း ပုံတွေကို ပြန်လည်ဖန်တီးပေးတာ ဖြစ်ပါတယ်။ ဥပမာ – Andy Warhol မျက်နှာတပ်ထားတဲ့ စက်ရုပ်က ကမ္ဘာကြီးကို Warhol မြင်တဲ့ပုံစံအတိုင်း ပုံထုတ်ပေးမှာပါ။ ဒါဟာ နည်းပညာကုမ္ပဏီကြီးတွေက Algorithm တွေကနေတစ်ဆင့် လူတွေမြင်တွေ့နေရတဲ့ အရာတွေကို ဘယ်လို ထိန်းချုပ်ထားတယ်ဆိုတာကို သတိပေးချင်တဲ့ သဘောလည်း သက်ရောက်ပါတယ်။

See robotic dogs with human heads causing a scene at Miami art fair

“အီးပါ” ချလိုက်သလို ထွက်လာတဲ့ စာရွက်တွေဟာ ရိုးရိုးပုံနှိပ်စက္ကူတွေ မဟုတ်ဘဲ တကယ်တော့ NFT တွေ ဖြစ်ကြပါတယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး ပွဲလာပရိသတ်တွေက “ရွံစရာကောင်းတယ်” လို့ ပြောကြသလို “ပြောင်မြောက်တယ်” လို့ ချီးကျူးသူတွေလည်း ရှိနေပြီး ဖုန်းတွေနဲ့ ဝိုင်းရိုက်နေကြတာပါ။ ပြပွဲထဲကို ရောက်လာတဲ့ တကယ့်ခွေးအစစ်တွေတောင် ဒီစက်ရုပ်တွေကို ကြောင်တောင်တောင် ဖြစ်ပြီး ဟောင်ခဲ့ကြပါသေးတယ်။

ဒီစက်ရုပ်ခွေးတွေဟာ ပြပွဲစပြီး တစ်နာရီအတွင်းမှာပဲ အကုန်ရောင်းထွက်သွားခဲ့ပါပြီ။ Beeple ရဲ့ ပြောကြားချက်အရ ဒီစက်ရုပ်တွေဟာ (၃) နှစ်အထိပဲ ဓာတ်ပုံရိုက်ပြီး Blockchain ပေါ် တင်ပေးနိုင်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ လမ်းလျှောက်တာလောက်ပဲ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ နည်းပညာတိုးတက်လာတာနဲ့အမျှ အနာဂတ်မှာ ဒီလို စိတ်ခံစားမှုရှိသယောင် ဖန်တီးထားတဲ့ စက်ရုပ်အနုပညာလက်ရာတွေ ပိုများလာလိမ့်မယ်လို့လည်း သူက သုံးသပ်ထားပါတယ်။

Ref : cnn