Zawgyi Version
နာမည္ႀကီး German ကား Company ႀကီးျဖစ္တဲ့ Audi ဟာ စက္တင္ဘာ (၄) ရက္ေန႔ကစၿပီး လွ်ပ္စစ္သီးသန္႔အသံုးျပဳ SUV ကားေတြထုတ္လုပ္ေနၿပီျဖစ္တယ္လို႔သိရပါတယ္။ Audi ဟာ အဆိုပါ လွ်ပ္စစ္ကားေတြရဲ႕ Concept Design ကို Franfurt မွာက်င္းပခဲ့တဲ့ ႏိုင္ငံတကာ ေမာ္ေတာ္ယာဥ္ျပပြဲမွာ ျပသခဲ့ျပီး သံုးႏွစ္အၾကာမွာေတာ့ ေစ်းကြက္ထဲတင္ပို႔ေရာင္းခ်ဖို႔အတြက္ စတင္ထုတ္လုပ္ေနပါျပီ။
ေစ်းကြက္ထဲေရာင္းခ်မယ့္ Audio e-tron Quattro လို႔ေခၚတဲ့ အဆိုပါ SUV ရဲ႕ Design ပံုစံအတိအက်ကိုေတာ့ စက္တင္ဘာ (၁၇) ရက္မတိုင္ခင္ ထုတ္ျပမွာမဟုတ္ဘူးလို႔ Audi က San Fransisco မွာက်င္းပခဲ့တဲ့ ပြဲတစ္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။
Volkswagen Group ကပိုင္တဲ့ Audio ဟာ အဆိုပါ e-tron Quattro ကိုထုတ္လုပ္ဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ၾကိဳးစားေနခဲ့တာျဖစ္ျပီး အခုမွာေတာ့ ေစ်းကြက္ထဲေရာင္းခ်ဖို႔အတြက္ အစုလိုက္အျပံဳလိုက္ထုတ္လုပ္ေနျပီး ကားအသစ္ရဲ႕ ေစ်းႏွုန္းေတြ၊ အတြင္းပိုင္း ဒီဇိုင္းနဲ႔ပတ္သက္တဲ့ Update သတင္းေတြနဲ႔ ေၾကာ္ညာေတြကိုေတာင္ ေမာ္ေတာ္ကား Crazy ေတြအတြက္ ထုတ္လႊင့္ေနပါျပီ။
အဆိုပါ လွ်ပ္စစ္ကားေတြကို Brussels မွာရွိတဲ့ Audi ပိုင္ စက္ရံုတစ္ခုမွာထုတ္လုပ္ေနၿပီး အဆိုပါ စက္ရံုကို ကားအသစ္ထုတ္လုပ္ဖို႔အတြက္ ရည္႐ြယ္ၿပီး ၂၀၁၆ ထဲက စတင္တည္ေဆာက္ခဲ့တာပါ။ Brussels စက္ရုံဟာ Vulkswagen Group ရဲ႕ လွ်ပ္စစ္ကားေတြထုတ္လုပ္ဖို႔ အဓိက စက္ရံုတစ္ခုျဖစ္လာပါတယ္။
အဆိုပါစက္ရံုကို ျပင္ဆင္မႈေတြထပ္လုပ္ခဲ့ၿပီး စက္ရံုရဲ႕ ကားကိုယ္ထည္ထုတ္လုပ္တဲ့ အပိုင္းေတြ၊ ေဆးမႈတ္တဲ့ အပိုင္းေတြကို အဓိက ျပင္င္ထားတယ္လို႔သိရပါတယ္။ ကားအသစ္မွာအသံုးျပဳမယ့္ ဘက္ထရီ ေတြကိုေတာင္ ကိုယ္တိုင္ထုတ္လုပ္မွာျဖစ္ပါတယ္။
အဆိုပါ ငါးေယာက္စီး လွ်ပ္စစ္ SUV မွာ (၁၅၀) ကီလို၀ပ္နဲ႔အထက္ အျမန္ႏွုန္းနဲ႔ အားသြင္းႏိုင္တဲ့ စနစ္ပါဝင္ျပီး (၉၅) ကီလိုဝပ္ ဘက္ထရီပါဝင္ဝင္ျပီး မိုင္ (၂၅၀) နီးနီးေမာင္းႏွင္ႏိုင္မယ္လို႔သိရပါတယ္။ Audi ဟာ (၂၀၂၅) ခုႏွစ္မတိုင္ခင္မွာ လွ်ပ္စစ္နဲ႔ Hybrid ကား အမ်ိဴးအစား ၂၀ေက်ာ္ကို မိတ္ဆက္သြားမယ္လို႔သိရပါတယ္။
Unicode Version
နာမည်ကြီး German ကား Company ကြီးဖြစ်တဲ့ Audi ဟာ စက်တင်ဘာ (၄) ရက်နေ့ကစပြီး လျှပ်စစ်သီးသန့်အသုံးပြု SUV ကားတွေထုတ်လုပ်နေပြီဖြစ်တယ်လို့သိရပါတယ်။ Audi ဟာ အဆိုပါ လျှပ်စစ်ကားတွေရဲ့ Concept Design ကို Franfurt မှာကျင်းပခဲ့တဲ့ နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲမှာ ပြသခဲ့ပြီး သုံးနှစ်အကြာမှာတော့ ဈေးကွက်ထဲတင်ပို့ရောင်းချဖို့အတွက် စတင်ထုတ်လုပ်နေပါပြီ။
ဈေးကွက်ထဲရောင်းချမယ့် Audio e-tron Quattro လို့ခေါ်တဲ့ အဆိုပါ SUV ရဲ့ Design ပုံစံအတိအကျကိုတော့ စက်တင်ဘာ (၁၇) ရက်မတိုင်ခင် ထုတ်ပြမှာမဟုတ်ဘူးလို့ Audi က San Fransisco မှာကျင်းပခဲ့တဲ့ ပွဲတစ်ပွဲမှာ ပြောကြားခဲ့ပါတယ်။
Volkswagen Group ကပိုင်တဲ့ Audio ဟာ အဆိုပါ e-tron Quattro ကိုထုတ်လုပ်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့တာဖြစ်ပြီး အခုမှာတော့ ဈေးကွက်ထဲရောင်းချဖို့အတွက် အစုလိုက်အပြုံလိုက်ထုတ်လုပ်နေပြီး ကားအသစ်ရဲ့ ဈေးနှုန်းတွေ၊ အတွင်းပိုင်း ဒီဇိုင်းနဲ့ပတ်သက်တဲ့ Update သတင်းတွေနဲ့ ကြော်ညာတွေကိုတောင် မော်တော်ကား Crazy တွေအတွက် ထုတ်လွှင့်နေပါပြီ။
အဆိုပါ လျှပ်စစ်ကားတွေကို Brussels မှာရှိတဲ့ Audi ပိုင် စက်ရုံတစ်ခုမှာထုတ်လုပ်နေပြီး အဆိုပါ စက်ရုံကို ကားအသစ်ထုတ်လုပ်ဖို့အတွက် ရည်ရွယ်ပြီး ၂၀၁၆ ထဲက စတင်တည်ဆောက်ခဲ့တာပါ။ Brussels စက်ရုံဟာ Vulkswagen Group ရဲ့ လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ အဓိက စက်ရုံတစ်ခုဖြစ်လာပါတယ်။
အဆိုပါစက်ရုံကို ပြင်ဆင်မှုတွေထပ်လုပ်ခဲ့ပြီး စက်ရုံရဲ့ ကားကိုယ်ထည်ထုတ်လုပ်တဲ့ အပိုင်းတွေ၊ ဆေးမှုတ်တဲ့ အပိုင်းတွေကို အဓိက ပြင်င်ထားတယ်လို့သိရပါတယ်။ ကားအသစ်မှာအသုံးပြုမယ့် ဘက်ထရီ တွေကိုတောင် ကိုယ်တိုင်ထုတ်လုပ်မှာဖြစ်ပါတယ်။
အဆိုပါ ငါးယောက်စီး လျှပ်စစ် SUV မှာ (၁၅၀) ကီလိုဝပ်နဲ့အထက် အမြန်နှုန်းနဲ့ အားသွင်းနိုင်တဲ့ စနစ်ပါဝင်ပြီး (၉၅) ကီလိုဝပ် ဘက်ထရီပါဝင်ဝင်ပြီး မိုင် (၂၅၀) နီးနီးမောင်းနှင်နိုင်မယ်လို့သိရပါတယ်။ Audi ဟာ (၂၀၂၅) ခုနှစ်မတိုင်ခင်မှာ လျှပ်စစ်နဲ့ Hybrid ကား အမျိူးအစား ၂၀ကျော်ကို မိတ်ဆက်သွားမယ်လို့သိရပါတယ်။
Ref: Tech Crunch