ဆော်ဒီအာရေးဗီးယားမှာ ကျင်းပမယ့် 2030 World Expo ကို လာရောက်သူတွေကို သယ်ယူပို့ဆောင်ပေးဖို့အတွက် လျှပ်စစ် ဟယ်လီကော်ပတာ ထောင်ဂဏန်းကို ဆော်ဒီ အစိုးရက ဩစတြီးယား အခြေစိုက် FlyNow ကုမ္ပဏီထံကနေ မှာယူထားပါတယ်။ ၂၀၃၀ ခုနှစ်မှာ ကျင်းပမယ့် ပွဲအတွက်ဆိုတော့ ဟယ်လီကော်ပတာရဲ့ ဒီဇိုင်းကလည်း တော်တော် ခေတ်ရှေ့ပြေးပါတယ်။
FlyNow ဟာ ဟယ်လီကော်ပတာ အစီးရေများစွာ ထုတ်လုပ်ပေးဖို့အတွက် ဆော်ဒီအာရေးဗီးယားမှာ စက်ရုံ ၁ ခုကို ဖွင့်လှစ်တော့မယ်လို့ Saudi Arabia Holding Co. CEO Mohammed Al Qahtani က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူက ဆော်ဒီအာရေးဗီးယား နိုင်ငံ Riyadh မှာ ကင်းပမယ့် နိုင်ငံတကာ ကုန်စည် ပြပွဲ ကာလမှာ လာရောက်သူတွေကို သယ်ယူပို့ဆောင်ပေးမယ့် လျှပ်စစ် ဟယ်လီကော်ပတာ ထောင်ဂဏန်းကို FlyNow က ထုတ်လုပ်ပေးမယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။
အရွယ်သေး လျှပ်စစ် ဟယ်လီကော်ပတာ အတွက် လူ ၁ ယောက်စီးနဲ့ လူ ၂ ယောက်စီး မော်ဒယ်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အလေးချိန် ၂၀၀ ကီလိုဂရမ် (၄၄၀ ပေါင်) ကို သယ်ဆောင်နိုင်ပါတယ်။ အများဆုံး အနေနဲ့ ၅၇၀ ကီလိုဂရမ် (၁,၂၅၆ ပေါင်) ကို သယ်ဆောင်နိုင်ပါတယ်။
မိနစ် ၃၀ ကြာတဲ့ ၅၀ ကီလိုမီတာ (၃၁ မိုင်) ခရီးကို ပျံသန်းနိုင်ပြီး အမြန်ဆုံး အနေနဲ့ ၁ နာရီကို ၁၃၀ ကီလိုမီတာ (၈၀ မိုင်) မောင်းနှင်နိုင်ပါတယ်။ ဟယ်လီကော်ပတာတွေမှာ ဘက်ထရီကို အသုံးပြုထားတဲ့အတွက် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။
Ref : Technology Innovation