တန်ဖိုးကြီး ကား ထုတ်လုပ်သူ Bentley က စက်တင်ဘာလမှာ Genesis Bentley NFT အမည်ရ Limited Collection NFT ၁ ခုကို ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။ Bentley Design က ဖန်တီးထားတဲ့ အဲဒီ Collection မှာ Token ၂၀၈ ခု ပါဝင်မှာပါ။

MATIC: Bentley's First NFT Collection Coming to Ethereum Scaling Platform  Polygon

အဲဒီ ဂဏန်းကို ကျပန်း ရွေးချယ်ထားတာ မဟုတ်ပါဘူး။ ၂၀၈ ဟာ Continental GT Speed မော်ဒယ်ရဲ့ Speed Limit ဖြစ်ပြီး နာမည်ကြီး 1952 R-Type Continental ကို ထုတ်လုပ်ထားတဲ့ အစီးရေ ဖြစ်ပါတယ်။

Bentley Pronounces its Debut into the Web3 World with NFT Assortment -  CryptoCompass

Token တွေကို Polygon Network ကနေ ဖြန့်ချိမယ်လို့ သတင်းထွက်နေပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၃၀ ခုနှစ်မှာ ကာဘွန်ထုတ်လုပ်မှု လုံးဝ မရှိစေရဆိုတဲ့ ကုမ္ပဏီရဲ့ မူဝါဒနဲ့ ကိုက်ညီနေပါတယ်။ Genesis Bentley NFT ပိုင်ရှင်တွေဟာ အထူး ဆုတွေကို ရရှိမှာပါ။

ကုမ္ပဏီရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့ Alain Favey က “ Bentley ရဲ့ ဖောက်သည်တွေဟာ အွန်လိုင်းမှာ နေထိုင်နေကြပြီး တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို ဒစ်ဂျစ်တယ် ငွေကြေးတွေနဲ့ ဝယ်ယူနေကြပါတယ်။ Metaverse ထဲမှာလည်း အလုပ်တွေလုပ်နေကြပါတယ်။ NFT ဟာ အနုပညာရှင်တွေအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းတယ်ဆိုတာ မြင်ခဲ့ကြရပြီးပါပြီ။ တန်ဖိုးကြီး ကား နယ်ပယ်မှာလည်း အလားတူ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပါတယ်။ “ လို့ ပြောပါတယ်။

Bentley ဟာ NFC, Online Gaming , Metaverse အပါအဝင် NFT တွေကို အသုံးချနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေပြီး ကုမ္ပဏီမှာ Blockchain နည်းပညာကို အသုံးပြုဖို့ စဉ်းစားနေပါတယ်။

Ref : ihodl