တရုတ် နည်းပညာ ဘီလူးကြီး Baidu က တိရိစ္ဆာန်တွေရဲ့ အသံနဲ့ ကိုယ်နေဟန်ထားကို လူသား ဘာသာစကား အဖြစ် ဘာသာပြန်နိုင်တဲ့ AI System ကို အမျိုးသား ဉာဏ မူပိုင်ခွင့် ရုံးမှာ မှတ်ပုံတင်လိုက်ပါတယ်။
အဲဒီ AI နည်းပညာဟာ တိရိစ္ဆာန်တွေ ဟောင်တာ၊ အော်တာနဲ့ ကိုယ်လက်လှုပ်ရှားတာ စတဲ့ ဒေတာတွေကို ကောက်ယူကာခွဲခြမ်းစိတ်ဖြာပြီး AI Models တွေကို အသုံးပြုကာ လူတွေ နားလည်အောင် ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။
Baidu က ဒီနည်းပညာဟာ လူသားနဲ့ တိရိစ္ဆာန်တွေရဲ့ ဆက်သွယ်ရေးကို တိုးတက်လာစေမှာ ဖြစ်တဲ့ တိရိစ္ဆာန်တွေရဲ့ စိတ်ခံစားချက်ကိုပါ သိနိုင်မယ်လို့ ပြောပါတယ်။
အဲဒီနည်းပညာကို လက်ရှိမှာ သုတေသန ပြုလုပ်နေကြပြီး ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ ဆိုတာ မသိရသေးပါဘူး။
ဒီနည်းပညာကို တရုတ် အိမ်မွေး တိရိစ္ဆာန် ပိုင်ရှင်တွေက စိတ်ဝင်စားနေကြပြီး လွယ်ကူစွာ အသုံးပြုနိုင်အောင် တီထွင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
Ref : Bangkokpost