RBI ရဲ့ နောက်ဆုံးထွက်ဘဏ္ဍာရေးတည်ငြိမ်မှုအစီရင်ခံစာဟာ Cryptocurrency နဲ့ပတ်သက်တဲ့ အနုတ်လက္ခဏာကို ပေါ်လွင်စေပြီး အိန္ဒိယဟာ Crypto စည်းမျဉ်းအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုကို ရှာဖွေနေကြောင်း သတိပေးလိုက်ပါတယ်။

The Reserve Bank of India (RBI) ဟာ Crypto ပိုင်ဆိုင်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူဘောင်တစ်ခု ဖွံ့ဖြိုးတိုးတက်လာဖို့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအုပ်စု G20 ဆီ တောင်းဆိုခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံး ဘဏ္ဍာရေးတည်ငြိမ်မှုအစီရင်ခံစာအရ ဘဏ်ဟာ ကြီးထွားလာနေတဲ့ Crypto ဂေဟစနစ်နဲ့ပတ်သက်ပြီး သူ့ရဲ့စိုးရိမ်မှုတွေကို ထပ်မံဖော်ပြခဲ့ပြီး အစိတ်အပိုင်းတချို့ကို ပိတ်ပင်နိုင်ကြောင်း အကြံပြုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ Crypto အကြပ်အတည်းဟာ အခြားစီးပွားရေးနယ်ပယ်ကိုလည်း ဂယက်ရိုက်လာစေပါတယ်။ Leverage ဟာ Crypto ဂေဟစနစ်မှာ ကျရှုံးမှုတွေကို လျင်လျင်မြန်မြန် ဖြစ်စေပြီး ရုတ်တရက်ကြီးမားတဲ့ ဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေတဲ့ သံသရာလည်ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေရဲ့ ငယ်ရွယ်တဲ့ အပိုင်းက Crypto ရဲ့ လူကြိုက်များမှုကို ဖြစ်ပေါ်စေတယ်လို့လည်း အစီရင်ခံထားပါသေးတယ်။

“အလားအလာရှိတဲ့ အနာဂတ်ဘဏ္ဍာရေးတည်ငြိမ်မှုအန္တရာယ်တွေကို ဖြေရှင်းဖို့နဲ့ စားသုံးသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးဖို့ Crypto ပိုင်ဆိုင်မှုတွေအတွက် ဘုံချဉ်းကပ်မှုတစ်ခုဆီ ရောက်ရှိဖို့ အရေးကြီးကြောင်းလည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။

Ref: Cointelegraph