တရုတ် နိုင်ငံ Hangzhou ကနေ တောင်ကိုရီးယားနိုင်ငံ Seoul ကို ပျံသန်းတဲ့ Air China လေယာဉ်တစ်စင်းဟာ စနေနေ့က လေယာဉ်ခန်းထဲမှာ လစ်သီယမ် ဘက်ထရီတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီးနောက် ရှန်ဟိုင်း မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က အဲဒီလေယာဉ်ရဲ့ အပေါ်ဘက် ပစ္စည်းထားတဲ့ ခန်းမှာ သိမ်းဆည်းထားတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ဆွဲအိတ်ထဲက လစ်သီယမ် ပါဝါဘန့် တစ်လုံးဟာ သူ့အလိုလို မီးလောင်ခဲ့တာ ဖြစ်ပါတယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
လေယာဉ်အမှုထမ်းတွေက အခြေအနေကို လျင်မြန်စွာ ကိုင်တွယ်ခဲ့ပြီး ဘယ်သူမှ ဒဏ်ရာမရရှိခဲ့ဘူးလို့ ထပ်လောင်း ပြောပါတယ်။

လေယာဉ် ဘေးကင်းရေးကို သေချာစေဖို့၊ လေယာဉ်ဟာ Shanghai Pudong အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။
Air China က အဲဒီ လေယာဉ်ဟာ စနေနေ့ မနက် ၉ နာရီ ၄၇ မိနစ်မှာ ထွက်ခွာခဲ့ပြီး Incheon အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နေ့လည် ၁၂ နာရီ ၂၀ မိနစ်မှာ ဆင်းသက်ဖို့ စီစဉ်ထားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။