Beats by Dre ဟာ ယခုနှစ်အတွင်းမှာ Ear Buds အသစ်တွေ အများအပြားကို မိတ်ဆက်ခဲ့တာဖြစ်ပြီး Beats Studio Buds လည်း အပါအဝင်ဖြစ်ပါတယ်။ အခုလည်း Beats ကနေ လာမယ့် တရုတ်နှစ်သစ်ဖြစ်တဲ့ ကျားနှစ်ကို ကြိုဆိုတဲ့အနေနဲ့ Limited Edition Beats Studio Buds ကို မိတ်ဆက်လိုက်ပါပြီ။

အခုလိုမျိုး Limited Edition Beats Studio Buds ဟာ Beats Red Color ကိုမှ တခြားသော Beats Studio Buds တွေနဲ့ မတူညီအောင် Golden Tiger Strip တွေထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒီလိုမျိုး ရွှေရောင်အစင်းကြောင်းတွေဟာ Charging Case မှာတင်မဟုတ်ဘဲ Earbuds မှာလည်း ပါဝင်တာကြောင့် တမျိုးအမြင်ဆန်းနေစေမှာပါ။

ဒီလိုမျိုး အပြင်ပိုင်း Design အနည်းငယ်ကွာခြားတာကလွဲပြီး တခြားသော Feature ပိုင်းတွေနဲ့ Specification ပိုင်းအရတော့ ယခင်တုန်းက မိတ်ဆက်ထားတဲ့ Beats Studio Buds နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် Active Noise Cancellation (ANC) ပါဝင်မှာဖြစ်သလို 8-hour Listening Time တွေလည်း ရရှိမှာဖြစ်ပါတယ်။

Beats Studio Buds ကို Year of Tiger Edition လိုချင်တယ်ဆိုရင်တော့ တရုတ်နိုင်ငံအတွင်းမှာပဲ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ တခြားသော Beats Studio Buds တွေလိုမျိုးပဲ 1,099 Yuan (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး ဝယ်ယူနိုင်မှာပါ။

Ref – GSM Arena